၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၄.၅.၃။ လှုံ့ဆော်မှုနှင့် အကြောက်တရားသွင်းခြင်း စစ်တပ်ဝါဒဖြန့် ချန်နယ်များ၏ ဖော်ပြချက်များတွင် အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီး မှုများနှင့် အရေးယူမှုများကို ထောက်ခံအားပေးခြင်းသာမက ပြည်သူများအနေဖြင့် ထိုလုပ်ရပ်များကို လက်ခံရန်နှင့် ပူးပေါင်းပါဝင်ရန် လှုံ့ဆော်သည့် ပုံစံများကိုလည်းတွေ့ရသည်။ စောင့်ကြည့်ထားသည့် တယ်လီဂရမ် ချန်နယ် (၁၄) ခု၏ ဖော်ပြချက်အားလုံး၏ ၂၇.၅ ရာခိုင်နှုန်းခန့်တွင် ထိုသို့သော လှုံ့ဆော် မှုများကို တွေ့ရှိရပြီး ဖော်ပြချက် (၁၁) ခုခန့်ကို ချန်နယ် (၆) ခုခန့်မှ တင်ထားသည်။ အထူးသဖြင့် ရွေးကောက်ပွဲကို နှောင့်ယှက်သည့် လုပ်ရပ်များကို ဖမ်းဆီး အရေးယူထားကြောင်းကို အကြိမ်ကြိမ် ဖြန့်ချခြင် ိ း၊ ထောင်ဒဏ်ချမှတ်ခံရမှုများကို အသားပေး ဖော်ပြခြင်းတို့ကို ပြုလုပ်ပြီး ဖမ်းဆီးအရေးယူမှု များကို ဖြစ်သင့်သော အခြေအနေတရပ်အဖြစ် ပုံဖော်သည်ကို တွေ့ရသည်။ ပုံ(၈) ဆိုရှယ်မီဒီယာပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများနှင့် တုံ့ပြန်မှုများကို အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်နေသည့် Telegram Screenshot ၂၃

Select target paragraph3