၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၄.၅.၁။ ပစ်မှတ်ထား တို��်ခိုက်ခြင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ပို့စ်များတွင် လူပုဂ္ဂိုလ်များကို အမည်၊ လူမှုကွန်ယက် အကောင့် နှင့် နေရပ်လိပ်စာ အချက်အလက်များကို အတိအကျဖော်ပြကာ တိုက်ရိုက်ပစ်မှတ်ထားသည့် ပုံစံများ ကို တယ်လီဂရမ်ဖော်ပြချက်များ၏ ၂၅ ရာခိုင်နှုန်းခန့်တွင် တွေ့ရှိရသည်။ အဆိုပါပုံစံ တယ်လီဂရမ် ဖော်ပြချက် (၁၀) ခုခန့်ကို ဝါဒဖြန့်ချန်နယ် (၆) ခုခန့်မှ တင်ထားသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် လူမှုကွန်ယက်ပေါ်တွင် ရွေးကောက်ပွဲကို ဝေဖန်သူများ၊ မှတ်ချက်ပေးသူများ သို့မဟုတ် စနောက်သည့် စာသားများဖြင့် ဖော်ပြချက်များကို မျှဝေသူများကိုပင် ဉပဒေချုးဖောက် ိ သူဟု သတ်မှတ်ကာ ဖမ်းဆီး ရန် လှုံ့ဆော်ထားသည်။ အချု့သော ိ တယ်လီဂရမ် ဖော်ပြချက်များတွင် ဝေဖန်သူများ၏ နေရပ်လိပ်စာ များကို အတိအကျဖော်ပြကာ အရေးယူရန် လှုံ့ဆော်ခြင်းများ ပါဝင်နေသည်။ ထိုသို့သော ဖော်ပြချက်များတွင် အနုပညာရှင်များ၊ သတင်းထောက်များ၊ နိုင်ငံရေးပုဂ္ဂိုလ်များ နှင့် သာမန်ပြည်သူများကို အကြမ်းဖက်အားပေးသူ၊ ရွေးကောက်ပွဲဖျက်စီးသူဟု တံဆိပ်ကပ်အမည်တပ် ခြင်းများကိုတွေ့ရပြီး စစ်တပ်အာဏာပိုင်များက အရေးယူနိုင်ရန် လမ်းပြလှုံ့ဆော်သည့် သဘောများ ပါဝင်သည်။ ထို့အပြင် လူမှုကွန်ယက်ပေါ်တွင် မတူကွဲပြားသော အမြင်များကို ထုတ်ဖော်ပြောဆိုခြင်း (ဉပမာ– “No Vote” ဟု မှတ်ချက်ပေးခြင်း သို့မဟုတ် ဝေဖန်ရေးသားခြင်း) ကိုပင် တိုက်ရိုက် ဖမ်းဆီး နိုင်ရန် ချတ် ိ ဆက်ထားပြီး တယ်လီဂရမ်ကို ဖိနှိပ်ရေး ယန္တရားအဖြစ် အသုံးပြုနေကြောင်း တွေ့ရသည်။ ၂၀

Select target paragraph3