၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၄.၈။ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များ၏ ဖမ်းဆီးမှု ဖြစ်ပွားစေရန် လှုံ့ဆော်မှုများ ဤသုတေသနတွင် စစ်တပ်လိုလားသော ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် (၁၀) ခုကို စောင့်ကြည့်ခဲ့ သည့်အပြင်၊ အသံအဖွဲ့၏ မိတ်ဘက်အဖွဲ့အစည်းမှ စောင့်ကြည့်ထားသော ချန်နယ် (၄) ခုမှ တွေ့ရှိချက် များကိုလည်း ပေါင်းစပ်လေ့လာခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ ရွေးကောက်ပွဲ ကာလအတွင်း အဆိုပါချန်နယ်များမှ ပို့စ်ပေါင်း (၄၀) ထက်မနည်းကို ဆန်းစစ်ခဲ့ရာ အောက်ပါအချက် များကို တွေ့ရှိရသည် - ပစ်မှတ်ထားတိုက်ခိုက်ခြင်း လူပုဂ္ဂိုလ်များကို တိတိကျကျ ရည်ညွှန်း၍ နာမည်နှင့် နေရပ်လိပ်စာများကို ထုတ်ဖော်ပြသခြင်း။ ဉပဒေကြောင်းအရ ခြိမ်းခြောက်ခြင်း စစ်တပ်မှ အသစ်ပြဋ္ဌာန်းထားသော ဉပဒေများကို အကိုးအကားပြု၍ ရွေးကောက်ပွဲကို ဝေဖန်ခြင်း၊ ကမ်ပိန်းတွင် မပါဝင်ခြင်းများကို ရာဇဝတ်မှုအဖြစ် ပုံဖော်ကာ အရေးယူမည်ဟု ဖော်ပြခြင်း။ လှုံ့ဆော်မှုနှင့် အကြောက်တရားသွင်းခြင်း ပြည်သူများအချင်းချင်း တိုင်ကြားရန် သို့မဟုတ် ဖမ်းဆီးမှုများကို ထောက်ခံအားပေးရန် လှုံ့ဆော် ခြင်းဖြင့် လူထုအတွင်း အကြောက်တရားနှင့် ဖိအားများ ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီး ထားသော သတင်းစကားများ ပါဝင်နေခြင်း။ ၁၉

Select target paragraph3