၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၄.၆။ ဖမ်းဆီးပစ်မှတ်ထားခံရသူများ၏ နေရာဒေသ ရွေးကောက်ပွဲကာကွယ်ရေး ဉပဒေဖြင့် ဖမ်းဆီးပစ်မှတ်ထားခံရသူများမှာ နိုင်ငံတွင်း နေရာဒေသ စုံမှပါဝင်နေပြီး ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်သည်ကို တွေ့ရသည်။ ရန်ကုန်တိုင်းဒေသကြီးမှ (၄၅) ဉီး၊ ပဲခူးတိုင်းမှ (၃၇) ဉီး၊ ကရင်ပြည်နယ်မှ (၃၅) ဉီး၊ ချင်းပြည်နယ်မှ (၁၇) ဉီး၊ မန္တလေးတိုင်းမှ (၁၃) ဉီး၊ ရှမ်းပြည်နယ်မှ (၇) ဉီး၊ မွန်ပြည်နယ်မှ (၇) ဉီး၊ ဧရာဝတီတိုင်းမှ (၇) ဉီး၊ ကရင်နီဒေသမှ (၅) ဉီး၊ စစ်ကိုင်းတိုင်း မှ (၂) ဉီး၊ မကွေးတိုင်းမှ (၂) ဉီး၊ နေပြည်တော်မှ (၂) ဉီး၊ ကချင်ပြည်နယ်မှ (၁) ဉီးနှင့် အချက်အလက် မသိရှိရသော ဒေသမှ (၂) ဉီးစီ အသီးသီး ဖမ်းဆီးခံခဲ့ရသည်ကို တွေ့ရသည်။ မှတ်ချက်။ ။ အထက်ပါမြေပုံ၌ နည်းပညာပိုင်းဆိုင်ရာ အကန့်အသတ်များကြောင့် ကရင် (Kayin)၊ က ယား (Kayah) ဟုဖော်ပြထားသော်လည်း မိမိတို့အသံအဖွဲ့အနေဖြင့် ကရင် (Karen)၊ ကရင်နီ (Karenni) ဟူသော အသုံးအနှုန်းကိုသာ ရေးသားရာ၌ အသုံးပြုပါသည်။ ပုံ(၆) နေရာဒေသအလိုက် ဖမ်းစီးပစ်မှတ်ထားခံရမှု အခြေအနေ ၁၇

Select target paragraph3