၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း
၄.၅။ ပစ်မှတ်ထား ဖမ်းဆီးအရေးယူခံရသူများ
အာဏာသိမ်းစစ်တပ်က အတုအယောင်ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲအား ဝေဖန်
သူ မှန်သမျှကို ဉပဒေဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ရာတွင် အများစုမှာ သာမန်ပြည်သူများ
ဖြစ်သည်။ စစ်တပ်၏ အရေးယူ ဖမ်းဆီးမှုများတွင် သာမန်ပြည်သူ (၁၂၀) ဉီး၊ နိုင်ငံရေးသမား (၅၂) ဉီး၊
အနုပညာရှင် (၅) ဉီး၊ တက်ကြွလှုပ်ရှားသူ (၃) ဉီး၊ ပြည်သူ့ဝန်ထမ်း (၁) ဉီး နှင့် လက်နက်ကိုင်တပ်ဖွဲ့
ဝင် (၁) ဉီး တို့ကို ရွေးကောက်ပွဲ ဉပဒေဖြင့် အရေးယူခဲ့သည်ကို တွေ့ရသည်။ အချက်အလက်များအရ
ရွေးကောက်ပွဲနှင့် ဆက်စပ်၍ ဖိနှိပ်ဖမ်းဆီး အရေးယူခံရသူများထဲတွင် သာမန်ပြည်သူများ အများစု
ပါဝင်နေခြင်းသည် လူထုတရပ်လုံး နိုင်ငံရေးတွင်ပါဝင်မှုနှင့် ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ဖိနှိပ်လို
သည့် စစ်တပ်၏ ရည်ရွယ်ချက်အား ဖော်ပြနေသည်။ လွတ်လပ်သော မီဒီယာ (၂) ခုဖြစ်သည့် AAMIJ
Newsနှင့် ခေတ်သစ်မီဒီယာတို့လည်း တရားစွဲဆို ထားခဲ့သည်ကို တွေ့ရသည်။ AAMIJ News သည်
ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တဦး၏ အကြောင်းကို သတင်းဖော်ထုတ်ရေးသားခဲ့သဖြင့်
ရွေးကောက်ပွဲဉပဒေဖြင့် အမှုဖွင့်ခံခဲ့ရသည်။
မှတ်ချက်။ ။ ခေတ်သစ်မီဒီယာအား ရွေးကောက်ပွဲဉပဒေဖြင့် အမှုဖွင့်ထားသည်ဟူသော အချက်အလက်
နှင့် ပတ်သက်၍ အဆိုပါ မီဒီယာ၏ ထုတ်ဖော်ပြောဆိုချက် တစ်ခုကိုသာ တွေ့ရှိရပြီး၊ အခြားသော သီးခြား
လွတ်လပ်သည့် သတင်းရင်းမြစ်များမှတစ်ဆင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပုံ(၅) - ဖမ်းဆီးအရေးယူခံရသူများအတွင်း အရပ်သားပြည်သူနှင့် နိုင်ငံရေးသမားများ ပါဝင်မှု အချုးအစား
ိ
၁၆