၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း
၄.၄။ အာဏာသိမ်းစစ်တပ်မှ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း ဖမ်းဆီးရာတွင်
အဓိကအသုံးပြုခဲ့သော ဉပဒေများ
အတုအယောင် ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဖမ်းဆီးဖိနှိပ်မှု
များကို အသစ်ပြဌာန်း ထားသည့် ရွေးကောက်ပွ��� ကာကွယ်ရေးဉပဒေကို အသုံးပြု၍ပြုလုပ်ခဲ့သည်ကို
တွေ့ရသည်။ အထူးသဖြင့် ရွေးကောက်ပွဲ ကာကွယ်ရေးဉပဒေ ပုဒ်မ ၂၃ (က) ဖြင့် (၁၀၆) မှု၊ ၂၄ (က)
ဖြင့် (၂၃) မှု၊ ၂၃ (ခ) ဖြင့် (၁၀) မှု၊ ၂၄ (ခ) ဖြင့် (၆) မှု၊ ၂၆ (က) ဖြင့် (၁) မှု၊ ၂၄ (က)/၂၆ (က) ပူးတွဲ (၁) မှု၊
၅၈ (ဂ) ဖြင့် (၁) မှုတို့ဖြင့် ဖမ်းဆီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။ ဉပဒေ မသိရှိရသော ဖမ်းဆီးမှုများ
လည်း ရှိခဲ့ပြီး အသံက ကောက်ယူရရှိထားသော အချက်အလက်များအရ (၃၄) မှုရှိသည်။
ပုံ(၄) ရွေးကောက်ပွဲကာကွယ်ရေးဉပဒေ ပုဒ်မများအလိုက် ဖမ်းဆီးအရေးယူခံရမှု အရေအတွက်
၁၅