၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း
၃။
သုတေသနနည်းနာနှင့် ကန့်သတ်ချက်များ
ဤသုတေသနကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ဖြစ်ပွားခဲ့သည့်
အတုအယောင် ရွေးကောက်ပွဲနှင့် ဆက်စပ်သော လွတ်လပ်စွာထုတ်ဖော်ပြ���ာဆိုခွင့်ကို ချုးဖောက်
ိ
မှု
ဆိုင်ရာ ဖြစ်ရပ်များကို လွှမ်းခြုံလေ့လာ ဆန်းစစ်ထားသည်။
သုတေသနနည်းနာအားဖြင့် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့
လာသည့် နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် လွတ်လပ်သောမီဒီယာ (၂၇) ခု
နှင့် အာဏာသိမ်းစစ်တပ်ပိုင် သတင်းစာ (၂) စောင်ကို နေ့စဉ်မပြတ် စောင့်ကြည့်မှတ်တမ်းတင်ခဲ့သည်။
ထို့ပြင် စစ်တပ်လိုလားသော ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် (၁၀) ခုနှင့် သတင်းစီးဆင်းမှုများကိုလည်း
နေ့စဉ်စောင့်ကြည့် မှတ်တမ်းယူပြုစုခဲ့ပြီး အသံအဖွဲ့၏ မိတ်ဘက်အဖွဲ့အစည်းမှ စောင့်ကြည့်ထားသော
ချန်နယ် (၄) ခုမှ တွေ့ရှိချက်များကိုလည်း ပေါင်းစပ်လေ့လာခဲ့သည်။ သုတေသနပြုလုပ်ရာ၌ အခြား
အဖွဲ့အစည်းများမှ ထုတ်ဝေထားသော ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာများနှင့် သုတေသန စာတမ်း
များကို အကိုးအကားပြုရေးသားခဲ့ပြီး အရည်အသွေးဦးစားပေး (Qualitative) သုတေသနနည်းလမ်းနှင့်
အချက်အလက်ဉီးစားပေး နည်းလမ်း (Quantitative) သုတေသနနည်းလမ်းဖြင့်ပါ လေ့လာထားသည်။
အထူးသဖြင့် စစ်တပ်လိုလားသော တယ်လီဂရမ် ချန်နယ်များမှ
ရရှိသော အချက်အလက်များသည် ဝါဒဖြန့်မှုသာဖြစ်ပြီး
တဖက်သတ် သတင်းပေးပို့မှုအဖြစ်သာ ရှိသည်။
သတင်းအချက်အလက်များ ရယူရာတွင် ကန့်သတ်ချက်အချု့လည်
ိ
း ရှိခဲ့သည်။ သုတေသန၏
လိုအပ်သော အချက်အလက်များကို အဓိကအားဖြင့် အွန်လိုင်းအရင်းအမြစ်များမှ ရယူရသည့်အခါ
အချက်အလက်များ၏ မှန်ကန်မှုနှင့် ယုံကြည်စိတ်ချရမှုကို အပြည့်အဝအတည်ပြုရန် ခက်ခဲမှုများ ရှိခဲ့
သည်။ အထူးသဖြင့် စစ်တပ်လိုလားသော တယ်လီဂရမ် ချန်နယ်များမှ ရရှိသော အချက်အလက်များ
သည် ဝါဒဖြန့်မှုသာဖြစ်ပြီး တဖက်သတ် သတင်းပေးပို့မှုအဖြစ်သာရှိသည်။ နိုင်ငံတွင်း လက်ရှိ လုံခြုံ
၁၀