အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင်မူ FPTP နှင့် PR စနစ်နှစ်ခုစလုံးတွင် မြို့နယ်ကို အခြေခံမထားဘဲ မဲဆန္ဒနယ်များကို အခြေခံထားခြင်းဖြစ်သည်။ ထို့ကြောင့် ကျင်းပမည့်မြို့နယ် ၁၀၂ မြို့နယ်တွင် FPTP အတွက် မဲဆန္ဒနယ်ပေါင်း ၆၂ ခုရှိပြီး၊ PR အတွက်မဲဆန္ဒနယ် ၂၆ ခုရှိမည်ဖြစ်သည်။ သို့သော်လည်း ကိုယ်စားလှယ်အရေအတွက်မှာ မဲဆန္ဒနယ်အတိုင်း ရရှိမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သတ်မှတ်မဲဆန္ဒနယ်အများစုသည် ရွေးကောက်ပွဲအပိုင်း (၁) တွင် မြို့နယ်များစုံလင်စွာမပါသော ကြောင့်ဖြစ်သည်။ ထင်ရှားစွာပြရမည်ဆိုလျှင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒအမှတ်(၁) FPTP ကြည့်ပါ။ ယင်း မဲဆန္ဒနယ်တွင် ပူတာအို၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ နောင်မွန်း မြို့နယ်များပါဝင်သည်။ သို့သော်လည်း ရွေးကောက်ပွဲ အပိုင်း(၁) တွင်မှု အဆိုပါမဲဆန္ဒနယ်အတွက် ပူတာအို၊ ခေါင်လန်ဖူး၊ နောင်မွန်း မြို့နယ်များသာပါဝင်ပြီး ဆွမ်ပ ရာဘွမ်နှင့် မချမ်းဘောမြို့နယ်များ မပါဝင်သေးပေ၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒအမှတ်(၁) PR စနစ်တွင် လည်း မဲဆန္ဒနယ်အတွင်း ပူတာအို၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ တနိုင်း၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့် လော် မြို့နယ်များပါသော်လည်း ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပူတာအို၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ တနိုင်းမြို့နယ်များသာ ပါဝင်သည်။ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) PR ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) FPTP ပူတာအို ဆွမ်ပရာဘွမ် ခေါင်လန်ဖူး နောင်မွန်း မချမ်းဘော ပူတာအို ဆွမ်ပရာဘွမ် မချမ်းဘော ခေါင်လန်ဖူး နောင်မွန်း တနိုင်း ဝိုင်းမော် ချီဖွေ ဆော့လော် အပိုင်း (၁) ကျင်းပမည့်မြို့နယ်များ အပိုင်း (၁) ကျင်းပရာတွင်မပါဝင်သည့်မြို့နယ်များ မဲဆန္ဒနယ်တစ်ခုထည်းတွင် အပိုင်းလိုက်ခွဲလိုက်ခြင်းကြောင့် မြိုနယ်များကျန်ခဲ့ပြီး ကိုယ်စားလှယ် မရွေးချယ်နိုင်သည့် အခြေအနေ ၇

Select target paragraph3