ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် နေရာတွေအတွက် FPTP စနစ်ဖြင့်ကျင်းပပြီး၊ အမျိုးသားလွှတ်တော်အတွက် FPTP စနစ်အပြင် PR စနစ်ကိုထည့်ပါထည့်သွင်းကာ ရောနှောအမတ်စနစ် (MMP) ကိုအသုံးပြုထားသည်။ တိုင်းနှင့်ပြည်နယ် လွှတ်တော် များသည်လည်း အမျိုးသားလွှတ်တော်ကဲ့သို့ပင် FPTP နှင့် PR စနစ်ကို ပေါင်းစပ်ထားသည့် MMP စနစ်ကို အသုံးပြု မည်ဖြစ်သည်။ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကတော့ PR စနစ်အတွက် သီးခြားမဲပေးရန်မ လိုဘဲ FPTP မဲရလဒ်ကိုပင် အခြေခံတွက်ချက်မည်ဟု တရားဝင်ပြောကြားထားသည်။ ထို့ကြောင့် ဒေသတစ်ခုတွင် မဲပေးရမည့် ပုံစံသည် ပြည်သူ့လွှတ်တော်အတွက် FPTP စနစ်ဖြင့် ဆန္ဒမဲ ၁မဲ၊ အမျိုးသား လွှတ်တော်အတွက် FPTP စနစ် နှင့် PR စနစ်ပေါင်းထားသည့် ဆန္ဒမဲ ၁ မဲ၊ တိုင်း/ပြည်နယ်လွှတ်တော်အတွက် FPTP စနစ် နှင့် PR စနစ် ပေါင်းထားသည့် ဆန္ဒမဲ ၁ မဲ၊ တိုင်း/ပြည်နယ် တိုင်းရင်းသားလူမျိုးကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်အတွက် (ကိုယ်စားပြုတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မဲဆန္ဒနယ် မသတ်မှတ်ထားသည့် လူမျိုးစု များအနေဖြင့် မဲပေးရန်မလို) FPTP စနစ်ဖြင့် ဆန္ဒမဲ ၁မဲ ပေးရမည်ဖြစ်သည်။ သို့သော် အဆိုပါဆန္ဒမဲများမှ ကိုယ်စားလှယ်များရွေးချယ်ရာတွင်မူ မြို့နယ် ၁ မြို့နယ်တွင် FPTP စနစ်ဖြင့် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် ၁ ဦး၊ အမျိုးသားလွှတ်တော်အတွက် FPTP စနစ်ဖြင့် အခြားမြို့နယ်များ ဖြင့်ပေါင်းစပ်ထားသည့် သက်ဆိုင်ရာမဲဆန္ဒနယ်က ကိုယ်စားလှယ် ၁ ဦး၊ PR စနစ်ဖြင့် အခြားမြို့နယ်များဖြင့် ပေါင်းစပ်ထားသည့် သက်ဆိုင်ရာမဲဆန္ဒနယ်က ခွဲဝေထားသည့် ကိုယ်စားလှယ်များ၊ တိုင်း/ပြည်နယ်လွှတ်တော် အတွက် FPTP စနစ်ဖြင့် ကိုယ်စားလှယ် ၁ဦး၊ PR စနစ်ဖြင့် အခြားမြို့နယ်များဖြင့် ပေါင်းစပ်ထားသည့် သက်ဆိုင်ရာ မဲန္ဒနယ်က ခွဲတမ်းရရှိထားသည့်ကိုယ်စားလှယ်များ၊ တိုင်း/ပြည်နယ် တိုင်းရင်းသားလူမျိုးကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ် နေရာအတွက် FPTP စနစ်ဖြင့် တိုင်း/ပြည်နယ် တစ်ခုတွင် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရမည့်ပုံစံဖြစ်သည်။ ထို့ကြောင့် လက်ရှိစစ်ကော်မရှင်က ပြောင်းလဲလိုက်သည့် ရွေးကောက်ပွဲစနစ်သည် အလွန်ရှုပ်ထွေးပြီး ရွေးကောက်ပွဲ များနှင့် အသားကျရင်းနှီးမှုနည်းနေသေးသည့် မြန်မာပြည်သူများအတွက် ရှုပ်ထွေးခက်ခဲစေမည့် စနစ်ဖြစ်သည်။ ထို အခြေအနေကို အခွင့်ကောင်းယူကာ မဲမ��မာမှုများလည်း များစွာလုပ်ဆောင်နိုင်သည်။ ၃

Select target paragraph3