နိဒါန်း အာဏာသိမ်း ၅ နှစ်ပြည့်ခါနီးအချိန်တွင် စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပရန်အင်တိုက်အားတိုက် လုပ်ဆောင်လာ နေသည်။ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာထားသည်။ ရွေးကောက်ပွဲကို အပိုင်းလိုက���ခွဲကာ ကျင်းပမည်ဖြစ် ပြီး ဒီဇင်ဘာလ ၂၈ တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် အပိုင်း(၁) ဖြစ် ကာ မြို့နယ် ၁၀၂ မြို့နယ်တွင်သာ ကျင်းပ မည်ဖြစ်သည်။ အပိုင်း(၂)ကို ၂၀၂၆ခုနှစ် ဇန်နဝါရီတွင် ဆက်လက်ကျင်းပမည်ဟုဆိုသော်လည်း တိကျသည့် နေ့စွဲနှင့် ထုတ်ပြန်မှုကိုမူ လုပ်ဆောင်လာခြင်း မရှိသေးပေ။ စစ်ကော်မရှင်က အပိုင်း (၁) စီစဉ်ထားမှုပုံစံသည် အစိုးရနှင့် လွှတ်တော်ကို စစ်တပ်က ၅၀ ရာခိုင်နှုန်းအထက်ချုပ်ကိုင်ရန် စနစ်တကျပြင်ဆင်ထားသည့် အခြေအနေဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ (၁) ရွေးကောက်ပွဲနည်းစနစ်နှင့် ကျင်းမည့်ပုံစံများပြောင်းလဲခြင်း စစ်ကော်မရှင်သည် ၎င်းတို့ အလိုကျ နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသာ အနိုင်ရရှိရေး ရွေးကောက်ပွဲကျင်းပသည့် စနစ်အချို့ကို အပြောင်းအလဲ လုပ်ဆောင်ခဲ့သည်။ အဓိကအားဖြင့် ယခင်က မဲအများဆုံး ရရှိသူ အနိုင်ရသည့် (First-Past-the-Post) စနစ်ကိုကျင့်သုံးခဲ့ရာမှ၊ အချိုးကျကိုယ်စားပြု (Proportionate Representation) စနစ် ကိုသာထည့်သွင်းကျင်းပလာခြင်းဖြစ်သည်။ သို့သော်လည်း PR စနစ်ကို သီးသန့်ကျင်းပခြင်း မဟုတ်ဘဲ ရောနှောအမတ် (MMP) စနစ်ဖြင့် ကျင်းပခြင်းဖြစ်သည်။ ၂

Select target paragraph3