မာတိကာ
စာ
နိဒါန်း
၂
(၁)ရွေးကောက်ပွဲနည်းစနစ်နှင့် ကျင်းမည့်ပုံစံများပြောင်းလဲခြင်း
၂
(၂)နယ်မြေကန့်သတ်၍ အပိုင်းလိုက်ကျင်းပခြင်း
၅
(၃) လွှတ်တော်ခေါ်ယူမှုဆိုင်ရာ ဥပဒေအားနည်းချက်ကို အသုံးချခြင်း
၁၀
(၄) အစိုးရဖွဲ့စည်းမှုကိုလွှမ်းမိုးချုပ်ကိုင်ခြင်း
၁၅
အနှစ်ချုပ်သုံးသပ်ချက်
၁၇
အဓိကတွေ့ရှိချက်များ
ဤအစီရင်ခံစာသည် စစ်ကော်မရှင်က ကျင်းပရန် ကြေညာထားသည့် အထွေထွေရွေးကောက်ပွဲ၏ သတိပြုရမည့်
ပြောင်းလဲထားသည့် နည်းစနစ်များ၊ ကျင်းပမည့်ပုံစံများ၊ သတ်မှတ်ချက်များကို သုံးသပ်ထားသည်။ အဓိကတွေ့ရှိ
ချက်မှာ အဆိုပါရွေးကောက်ပွဲသည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသော ပြည်သူ့ဆန္ဒခံယူပွဲတစ်ခုမဟုတ်ဘဲ၊
စစ်တပ်က အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေနှင့် နည်းပညာ
တို့ကို အသုံးပြု၍ စနစ်တကျ တွက်ချက်ကစားထားသည့် နိုင်ငံရေးလုပ်ကြံမှုတစ်ရပ် ဖြစ်နေသည်ကို တွေ့ရှိရသည်။
စစ်ကောင်စီသည် (၁)ရွေးကောက်ပွဲနည်းစနစ်နှင့် ကျင်းမည့်ပုံစံများပြောင်းလဲခြင်း၊ (၂)နယ်မြေကန့်သတ်၍ အပိုင်း
လိုက်ကျင်းပခြင်း၊ (၃) လွှတ်တော်ခေါ်ယူမှုဆိုင်ရာ ဥပဒေအားနည်းချက်ကို အသုံးချခြင်း၊ (၄) အစိုးရဖွဲ့စည်းမှုကို
လွှမ်းမိုးချုပ်ကိုင်ခြင်း ဟူသော နည်းလမ်းများဖြင့် စစ်တပ်က အသာစီးရမည့် လွှတ်တော်နှင့် အစိုးရတစ်ရပ်ကို
ဖန်တီးကာ တရားဝင်မှု ရရှိရန် ကြိုးပမ်းနေကြောင်း ဤအစီရင်ခံစာက ဖော်ထုတ်တင်ပြထားသည်။
၁