ပြည်သူ့လွှတ်တော်၏ ဖွဲ့စည်းပုံအရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်သည် ၃၃၀ ဦးသာ ရှိပြီး တပ်မတော် သားကိုယ်စားလှယ်သည် ၁၁၀ ဦးဖြင့် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ဦးရေ၏ ၂၅ရာခိုင်နှုန်းကို ရရှိထားသည်။ အမျိုးသားလွှတ်တော်၏ ဖွဲ့စည်းပုံအရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်သည် ၁၆၈ဦးသာ ရှိပြီး တပ်မတော် သားကိုယ်စားလှယ်သည် ၅၆ဦးဖြင့် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ဦးရေ၏ ၂၅ရာခိုင်နှုန်းကို ရရှိထားသည်။ ရွေးကောက်ပွဲ အပိုင်း(၁) တွင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၀၂ ဦး၊ အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၃ ဦး သာ ရွေးချယ်နိုင်ဦးမည်ဖြစ်သည်။ ထိုအခြေအနေတွင် စစ်အုပ်စုက သူတို့၏ စစ်အုပ်စု ကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့လွှတ်တော်အတွက် ၁၁၀ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၅၆ ဦးထည့်သွင်းမည်ဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်ရှင်က တရားဝင် ပြောကြားထားသည်။ ထို့ကြောင့် ရွေးကောက်ပွဲ အပိုင်း(၁) အပြီးတွင် အပိုင်း(၂) ဆက်လက်ကျင်းပခြင်းမရှိဘဲ လွှတ်တော်အသီးသီးကိုခေါ် ယူပါက ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ် ၁၀၂ ဦးနှင့် စစ်အုပ်စုကိုယ်စားပြု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးရှိနေမည်ဖြစ်သည်။ ရာခိုင်နှုန်းဖြင့် အချိုးချကြည့်ပါက ရွေးကောက်ခံ ကိုယ်စားလှယ်သည် ၄၈ဒသမ၁၁ ရာခိုင်နှုန်းသာ ရှိပြီး တပ်မတော်သားကိုယ်စားလှယ်သည် ၅၁ဒသမ၈၉ ရာခိုင်နှုန်း ထိ ရယူထားမည်ဖြစ်သည်။ အမျိုးသားလွှတ်တော်များတွင်လည်း ရွေးကောက်ခံကိုယ်စားလှယ် ၁၃ ဦး၊ စစ်အုပ်စုကိုယ်စားပြု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး ရှိနေပြီး ရွေးကောက်ခံကိုယ်စားလှယ်သည် ၁၈ဒသမ၈၄ ရာခိုင်နှုန်းနှင့် စစ်အုပ်စု ကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၈၁ဒသမ၁၆ ရာခိုင်နှုန်းထိ ရယူထားမည်ဖြစ်သည်။ ၁၁

Select target paragraph3