1/12/24, 11:35 AM ပြန်ကြားရေးဝန်ကြီးဌာန တယ်လီဂရမ်ချန်နယ်၏ ထုတ်ပြန်မှုများအရ သိရှိရသော လူမှုကွန်ရက်တွင် ပြောဆိုရေးသားမှုများကြောင့် ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးခံရသည့်အရေအတွက် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန၏ တယ်လီဂရမ်ချန်နယ်မှတစ်ဆင့်ဖော်ပြသော သတင်းအချက်အလက်များကို စိစစ် လေ့လာမှုအရ ၂၀၂၃ ခုနှစ်၊ (၁)နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏လူသုံးအများဆုံးလူမှုကွန်ရက်ဖြစ်သည့် ဖေ့ဘွတ်ခ် (Facebook)မှ တစ်ဆင့် ပြောဆိုရေးသားမှုများအပေါ် စောင့်ကြည့်အရေးယူမှုများပြုလုပ်ခဲ့သောအရေအတွက်မှာ လူဦးရေအားဖြင့်(၅၅၀)ထက်မနည်းရှိ ကြောင်း တွေ့ရှိရသည်။ ထိုသို့ ဖေ့ဘွတ်ခ်(Facebook)လူမှုကွန်ရက်မှတစ်ဆင့်ဖမ်းဆီးမှုများပြုလုပ်ရာတွင် စစ်ကောင်စီ၏လေကြောင်းတိုက် ခိုက်မှု ကြောင့် ပဇီးကြီးကျေးရွာတွင် သေဆုံးသွားခဲ့ရသည့် အရပ်သားပြည်သူများအတွက် ဝမ်းနည်းကြောင်းဖော်ပြသောအ နေဖြင့် ဖေ့ဘွတ်ခ့်ပ ရိုဖိုင်း(Profile)အမည်းရောင်ပြောင်းလဲခဲ့သူများကိုပါ ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးခံရသည့်အထဲတွင် ထင်ရှားသူများဖြစ်သည့် သတင်းစာဆရာနှင့်အယ်ဒီတာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီတို့အပါအဝင် တေးသံရှင် မေလသံစဥ်နှင့် ရွှေရည်သိန်းတန်တို့ ပါလည်း ပါဝင်ခဲ့သည်။ စစ်အာဏာသိမ��းပြီးနောက် ဆိုးရွားစွာဖြစ်ပေါ်ခဲ့သော လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေနှင့်ပတ်သက်ပြီး အွန်လိုင်းမှတစ်ဆင့် စစ်ကောင်စီအားဝေဖန်ခဲ့သူ ဟစ်ဟော့(Hip Hop)အဆိုတော်ဗျူဟာအား ထောင်ဒဏ်အနှစ်(၂၀)ချမှတ်ခဲ့သည်။ ထို့အပြင် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဦးရဲထွဋ်သည်လည်း ယင်း၏လူမှုကွန် ရက်စာမျက်နှာမှတစ်ဆင့် စစ် ကောင်စီကိုဝေဖန်သည့်ရေးသားချက်များကြောင့် ဖမ်းဆီး၍ ထောင်ဒဏ်(၁၀)နှစ်ချခဲ့သည်။ ဒစ်ဂျစ်တယ်ရပ်ဝန်းမှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများအား ဖိနှိပ်ရာတွင် ယင်းတို့ မနှစ်မြို့သည့် သတင်းမီဒီယာစာ မျက်နှာများတွင် မှတ်ချက်ရေးသားသူများ၊ တော်လှန်ရေးအဖွဲ့များ၏ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မှတ်ချက်ရေးသားသူများနှင့် တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအား ပြန်လည်မျှဝေသူများကိုပါ ထိုသို့ပြုလုပ်ရုံဖြင့် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း နေသည်ကို တွေ့ရသည်။ အင်တာနက်ပေါ်မှ လူထု၏လှုပ်ရှားမှုများကို စောင့်ကြည့်ဖော်ထုတ်မှုပြုလုပ်ရာတွင် စစ်ကောင်စီထောက်ခံသော တယ်လီဂရမ်ချန် နယ်များဖြစ်သည့် ဟန်ငြိမ်းဦး၊ မှိုင်းဝေနှင့် ကျော်စွာ စသည့် အကောင့်များမှတစ်ဆင့် စောင့်ကြည့်ဖော်ထုတ်ပေးမှုများအား စစ်ကောင်စီက အသုံးပြုနေသည်ကို တွေ့ရသည်။ ယင်းတယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ဖော်ထုတ်ခံရသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့သည်ကို အရေအတွက်များစွာတွေ့ခဲ့ရသည်။ ထိုသို့ တယ်လီဂရမ်ချန်နယ်များအား စစ် ကောင်စီက သုံးစွဲမှုရှိနေခြင်းသည်ပင် မြန်မာနိုင်ငံ၏လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့် ကျဆုံးမှုအခြေအနေများထဲမှအရေးကြီးသော အကြောင်းအရင်းတစ်ချက်ဖြစ်နေသည်ကို တွေ့ရသည်။ https://www.myanmarinternet.info/my/post/blog_014 2/9

Select target paragraph3