လေ့လာတွေ့ရှိချက် - သတင်းမီဒီယာဖိနှိပ်မှုနှင့် သတင်းထောက်များ၏ ဘေးကင်းလုံခြုံရေး ၂၀၂၁ အာဏာသိမ်းကာလက စတင်၍ အာဏာသိမ်းစစ်တပ်၏ ပစ်မှတ်ထား သတ်ဖြတ်၊ ဖမ်းဆီးမှုဒဏ်ကို ရင်ဆိုင်နေရသည့်အပြင် တော်လှန်ရေး လက်နက်ကိုင်တပ်များ၏ ဖမ်းဆီးဖိနှိပ်မှုများကိုပါ ကြုံတွေ့လာရသည့်အခါ သတင်းထောက်များသည် နှစ်ဖက်စလုံးကို ကြောက်နေရသည့် အခြေအနေသို့ ရောက်ရှိသွားသည်။ မြေပြင် သတင်း သမားများအနေဖြင့် လုံခြုံမှုကင်းမဲ့လာကာ ပဋိပက္ခဒေသတွင်း အဖြစ်မှန်များကို ရေးသားဖော်ပြရန် တွန့်ဆုတ်လာပြီး မိမိဘာသာ ဆင်ဆာဖြတ်တောက်မှု ပိုမိုဆိုးရွားလာနိုင်မည် ဖြစ်သည်။ သတင်းသမားများအား စွပ်စွဲဖမ်းဆီးရာတွင် စနစ်တကျ အမှုစစ်ဆေးသည့် ပုံစံမဟုတ်ဘဲ ဥပဒေမဲ့ ခေါ်ဆောင်ချုပ်နှောင်သည့် ပုံစံဖြစ်နေသဖြင့် တော်လှန်ရေး နယ်မြေများအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အခြေအနေမှာ စိုးရိမ်ဖွယ် ဖြစ်နေသည်။ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 26

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents