အခန်း (၂)
သုတေသန နည်းနာ
ဤသုတေသနသည် စိုးမိုးနယ်မြေများအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေနှင့် အာဏာပိုင်
များ၏
တာဝန်ယူမှု၊
တာဝန်ခံမှုကို
နက်နက်ရှိုင်းရှိုင်း
လေ့လာနိုင်ရန်
အရည်အသွေးဦးစားပေး
သုတေသန
(Qualitative Research) နည်းလမ်းကို အသုံးပြုထားသည်။ တော်လှန်ရေးအင်အားစုများသည် ဒေသ၊ အဖွဲ့အစည်း
အလိုက် ရပ်တည်ချက်နှင့် မူဝါဒများ ကွဲပြားနေသောကြောင့် ဖြစ်ရပ်တခုချင်းစီမှ ပေါ်ထွက်လာသော ပုံစံများကိုရှာဖွေ
ရန် ဤနည်းလမ်းက အသင့်တော်ဆုံး ဖြစ်သည်။
၂.၁။ အချက်အလက်ကောက်ယူခြင်းနှင့် ရွေးချယ်မှု
အချက်အလက်များကို နည်းလမ်းနှစ်ခုဖြင့် ကောက်ယူခဲ့သည်။ ပထမတခုမှာ ပါဝင်ဖြေဆိုသူ (ကျား-၃) ဦး
နှင့် (မ-၃) ဦးကို Zoom နှင့် Signal ကဲ့သို့ End-to-End Encrypted ပလက်ဖောင်းများမှတဆင့် အင်တာဗျူးခြင်း
ဖြစ်သည်။ ဒုတိယတခုမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၊ ဒေသအုပ်ချုပ်ရေး အမိန့်များ၊ သတင်းဖော်ပြချက်များနှင့်
အစီရင်ခံစာများကို ပြန်လည်လေ့လာခြင်း ဖြစ်သည်။
ပါဝင်ဖြေဆိုသူများကို ဦးတည်ရွေးချယ်ခြင်း (Purposive Sampling) နည်းဖြင့် ရွေးချယ်ခဲ့သည်။ လုံခြုံရေး
အရ ချတ်
ိ ဆက်ရခက်သူများကိုမူ ဆင့်ပွားညွှန်းဆိုရွေးချယ်ခြင်း (Snowball Sampling) နည်းဖြင့် ဖြည့်စွက်ရွေးချယ်ခဲ့
သည်။ ပါဝင်သူများကို အုပ်စု (၃) စု ခွဲထားသည်။
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
9
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents