အခန်း (၁) နောက်ခံအကြောင်းအရာနှင့် နိဒါန်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲပေါ်ပေါက်လာသော မြန်မာစစ်တပ်၏ အကြမ်းဖက် ဖိနှိပ် မှုများကို တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ ထိုတော်လှန်မှုများ နယ်မြေစိုးမိုးမှုများ ရရှိလာ ခဲ့ပြီးနောက် မြန်မာနိုင်ငံအနှံ့ ဒေသအသီးသီးတွင် ပုံစံကွဲပြားသည့် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများကို အကောင် အထည်ဖော် တည်ထောင်လာနိုင်ခဲ့ကြသည်။ အဆိုပါ အုပ်ချုပ်ရေးယန္တရားများသည် မြန်မာစစ်တပ်၏ အကြမ်းဖက်မှု နှင့် ဖိနှိပ်မှုတို့ကို ခုခံတော်လှန်နေရသည့်အပြင် တချန်ိ တည်းတွင် မိမိတို့နယ်မြေအတွင်း ဥပဒေစိုးမိုးရေး၊ အများပြည် သူဝန်ဆောင်မှု၊ စီးပွားရေး စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးလုပ်ငန်းနှင့် ဆက်စပ်သည့် အခြားတာဝန်များကိုပါ ဆောင်ရွက် ရသည်။ ဤသုတေသနသည် အဆိုပါ အုပ်ချုပ်ရေး ကွင်းဆက်များအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်၏ နေရာနှင့် နယ်နိမိတ်တို့ကိုနားလည်ရန် ဦးစွာ ကြိုးပမ်းထားသည်။ မြန်မာစစ်တပ်၏ အလုံးစုံသော ဖိနှိပ်မှုများကို ခုခံနေကြသည့် လက်နက်ကိုင် တော်လှန်ရေးကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် မရှိမဖြစ်အခွင့်အရေးတခု ဖြစ်သကဲ့သို့ အချန်ိ မရွေးအလွယ်တကူ ဖယ်ကျဉ်ခံ ရသည့် အခွင့်အရေးတရပ်လည်း ဖြစ်သည်။ တော်လှန်ရေး သို့မဟုတ် စည်းလုံးညီညွတ်ရေးခေါင်းစဉ်ကို အကြောင်းပြ ပြီး ဝေဖန်ထောက်ပြသူများကို အချု့သော ိ တော်လှန်ရေးခေါင်းဆောင်များက ဖိနှိပ်ခဲ့သည့် သာဓကများလည်း ရှိခဲ့ သည်။ ထို့ကြောင့် တာဝန်ခံမှုကို တောင်းဆိုသူများ၊ ချုးဖောက် ိ မှုများကို မှတ်တမ်းတင်သောသူများ၊ အုပ်ချုပ်သူများ၏ လုပ်ပိုင်ခွင့်အတိုင်းအတာကို မေးခွန်းထုတ်သူများနှင့် အခြားအခြားသော ဝေဖန်သူ၊ မှတ်တမ်းတင်သူများနှင့် ၎င်း တို့၏အသံကို ရှင်သန်ရပ်တည်ခွင့်ပေးသော ယန္တရားများ၊ လုပ်ပိုင်ခွင့်များ ရှိ၊မရှိ ဆန်းစစ်ခြင်းသည် ဤသုတေသနမှ ဖော်ဆောင်ထားသော အဓိက ပုံရိပ်တခု ဖြစ်သည်။ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 7

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents