(၃) တာဝန်ခံမှု အားနည်းခြင်း စိုးမိုးနယ်မြေအများစုတွင် ဒေသခံများတိုင်ကြားနိုင်မည့် ရှင်းလင်းသော ယန္တရား မရှိသေးပါ။ အမျုးသား ိ ညီညွတ်ရေးအစိုးရ (NUG) တွင် တိုင်ကြားစာလက်ခံသည့် ကော်မတီရှိသော်လည်း မြေပြင်ရှိဒေသခံများထံ မရောက်ရှိသေးပါ။ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူအများစုသည် ပြည်သူရွေးချယ်ထားသူများ မဟုတ်ဘဲ အထက်မှ ခန့်အပ်ထားသူများ ဖြစ်သောကြောင့် ပြည်သူ့အပေါ် တာဝန်ခံရမည့် ခံယူချက် အားနည်းနေသည်။ (၄) သယံဇာတ စီမံခန့်ခွဲမှု သတ္တုတူးဖော်ရေး၊ အခွန်ကောက်ခံရေးနှင့် ဝင်ငွေအသုံးချမှုအပေါ် ပွင့်လင်းမြင်သာမှုရရှိရန် တောင်းဆိုသူများ သည် ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကို အဓိက ရင်ဆိုင်နေရသည်။ စစ်ရေးအတွက် ငွေကြေးလိုအပ်ချက်က ဒေသခံများ၏ အသံထက် ဦးစားပေးခံနေရသည်။ (၅) ဒစ်ဂျစ်တယ် လွတ်လပ်ခွင့် လုံခြုံရေးကို အကြောင်းပြ၍ Starlink အသုံးပြုခွင့်ကို ကန့်သတ်ခြင်း၊ သုံးစွဲသူ စာရင်းပေးသွင်းခိုင်းခြင်းနှင့် ကျပ်သိန်း (၂၀) အထိ ဒဏ်ငွေ ချမှတ်ခြင်းတို့ရှိနေသည်။ ယင်းသည် ဒေသခံများ၏ သတင်းရယူခွင့်ကိုသာ မက စစ်ဘေးရှောင်ရာတွင် လိုအပ်သော ဘေးကင်းလုံခြုံရေးနှင့် အသက်ရှင်သန်ခွင့်ကိုပါ ထိခိုက်စေသည်။ ထို့အပြင် စစ်တပ်၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထိန်းချုပ်မှုပုံစံနှင့် ဆင်တူနေသည်ကို တွေ့ရသည်။ နိဂုံး လေ့လာခဲ့သောဖြစ်စဉ်များအရ တော်လှန်ရေးအဖွဲ့များသည် ဒီမိုကရေစီနှင့် လူ့ရပိုင်ခွင့်ကို မူဝါဒအဆင့်တွင် လက်ခံထားကြသော်လည်း လက်တွေ့မြေပြင်တွင်မူ စစ်ရေး၊ လုံခြုံရေး၊ တော်လှန်ရေးစသည့် အကြောင်းပြချက် များဖြင့် ပြည်သူ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်နေကြသည်။ ဤကွာဟချက်ကို ယခုကတည်း က မပြင်ဆင်ပါက တွန်းလှန်နေသော အာဏာရှင်စနစ်၏ အလေ့အထများကိုပင် ပြန်လည် ကူးစက်ယူလာမည့် အာဏာရှင်ကူး��က်မှု (Authoritarian Contagion) အန္တရာယ်ရှိသည်။ ထိုသို့ဖြစ်ပါက အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်၏ အခြေခံအုတ်မြစ်ကိုပါ ထိခိုက်စေနိုင်သည်။ ဤတွေ့ရှိချက်များသည် စစ်အာဏာသိမ်းခဲ့ သည့် စစ်တပ်၏ချုးဖောက် ိ မှုများနှင့် ပမာဏနှင့် စနစ်တကျကျူးလွန်မှုအရ တန်းတူညီမျှသည်ဟု မဆိုလိုပါ။ သို့သော် တော်လှန်ရေး အင်အားစုများသည် ၎င်းတို့ ကာကွယ်လိုသော တန်ဖိုးများနှင့် ကိုက်ညီစွာလုပ်ဆောင်ရန် တာဝန်ရှိ ကြောင်း ဤသုတေသနက ပြသလိုခြင်းဖြစ်သည်။ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 5

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents