ကချင်ပြည်နယ် ချဖွေမြိ ီ ု့နယ်ရှိ ရှားပါမြေသတ္တုတူးဖော်ရေးကို ကန့်ကွက်သည့် ဒေသခံများ အား KIA က ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဖြစ်စဉ် (၂၀၂၄) စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင် တပ်ရင်းမှုးကကျူးလွန်သည်ဟု စွပ်စွဲခံရသည့် ကျား-မ အခြေပြုအကြမ်းဖက်မက ှု ုိ ထုတဖေ ် ာ်ပြောဆိခ ု သေ ့ဲ ာ ရဲမေတဦးကို ဖမ်းဆီးခဲသ ့ ည့ဖြ ် စ်စဉ် (၂၀၂၅) မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် Starlink အင်တာနက် အသုံးပြုခွင့်ကိုကန့်သတ်ပြီး ဒဏ်ငွေ ချမှတ်ခဲ့သည့် ဖြစ်စဉ် (၂၀၂၅) ကချင်၊ ရခိုင်နှင့် မန္တလေးဒေသများတွင် လက်နက်ကိုင်အဖွဲ့များက သတင်းထောက်များကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များ အဓိက တွေ့ရှိချက်များ (၁) ဖိနှိပ်မှု ပုံစံနှစ်မျုးိ ဝေဖန်မှုများကို တုံ့ပြန်ရာတွင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များက နည်းလမ်းနှစ်မျုးလု ိ ံးကို သုံးနေကြ သည်။ ပထမတမျုးမှ ိ ာ အုပ်ချုပ်ရေးယန္တရားမှတဆင့် ပြုလုပ်သော ဖိနှိပ်မှုဖြစ်ပြီး အမိန့်များ၊ ကန့်သတ်ချက် များ ထုတ်ပြန်ခြင်းနှင့် သတင်းသမားများကို ဖမ်းဆီးချုပ်နှောင်ခြင်းတို့ ပါဝင်သည်။ ဒုတိယတမျုးမှ ိ ာ ယန္တရား ပြင်ပမှပြုလုပ်သော ဖိနှိပ်မှုဖြစ်ပြီး ခြိမ်းခြောက်ခြင်း၊ အွန်လိုင်းပေါ်တွင်တိုက်ခိုက်ခြင်း၊ ကိုယ်ရေးအချက် အလက်ဖော်ထုတ်ခြင်းနှင့် ဒလန်ဟု စွပ်စွဲခံရမည်ကို စိုးရိမ်ရသည့် လူမှုရေးဖိအားတို့ ပါဝင်သည်။ အင်တာဗျူး တွင်ပါဝင်ထားသည့် သတင်းသမားသည် ထိန်းသိမ်းခံရစဉ် ရိုက်နှက်ခြင်း၊ မျက်နှာဖုံးအုပ် ချုပ်နှောင်ခြင်းကဲ့သို့ ပြင်းထန်သော ညှဉ်းပန်းမှုများကိုပါ ကြုံတွေ့ခဲ့ရသည်။ (၂) အကြောင်းပြချက်များ ဝေဖန်မှုများကိုပိတ်ပင်ရာတွင် တော်လှန်ရေးကို ထိခိုက်စေသည်၊ ရန်သူကို အကျုးပြုသည် ိ ၊ စစ်ရေးလုံခြုံ ရေးစသည့် အကြောင်းပြချက်များကို အများဆုံး သုံးကြသည်။ ဤအကြောင်းပြချက်များသည် ဝေဖန်ချက်၏ အချက်အလက်မှန်ကန်မှုကို မစိစစ်ဘဲ ပြောဆိုသူကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 4

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents