သုတေသန အနှစ်ချုပ်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု (၅) နှစ်ကျော်ကြာပြီးနောက် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များနှင့်
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများသည် နိုင်ငံဒေသအများအပြားကို ထိန်းချုပ်လာနိုင်ကြ
သည်။ ၎င်းတို့ရရှိထားသည့် စိုးမိုးနယ်မြေများအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေးနှင့် အများပြည်သူ
ဝန်ဆောင်မှုများကိုပါ တာဝန်ယူ ဆောင်ရွက်နေကြသည်။ ဤသုတေသနသည် အဆိုပါ စိုးမိုးနယ်မြေများအတွင်း
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မည်မျှရှိနေသည်၊ ဝေဖန်သူများ၊ သတင်းသမားများနှင့် လူ့ရပိုင်ခွင့်ချုးဖောက်
ိ
မှုများကို မှတ်တမ်းတင်သူများသည် မည်သို့သောအခက်အခဲများ ရင်ဆိုင်နေရသည်နှင့် အာဏာပိုင်များ၏ တာဝန်ယူမှု၊
တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု အခြေအနေ မည်သို့ရှိသည်ကို လေ့လာထားခြင်း ဖြစ်သည်။ ဤသုတေသနကို
အင်တာဗျူးဖြေဆိုသူ (၆) ဦးနှင့် ဖြစ်စဉ်လေ့လာချက် (၄) ခုအပေါ် အခြေခံထားသဖြင့် တော်လှန်ရေးနယ်မြေအားလုံး
အတွက် ယေဘုယျ ကောက်ချက်ချခြင်း မဟုတ်ဘဲ လေ့လာခဲ့သည့် ဖြစ်စဉ်များတွင် ထပ်ခါတလဲလဲ တွေ့ရသည့် ပုံစံ
များကို ဖော်ထုတ်ရန် ရည်ရွယ်သည်။
သုတေသန နည်းလမ်း
ဤသုတေသနတွင် အရည်အသွေးဦးစားပေး သုတေသန (Qualitative Research) နည်းလမ်းကို အသုံးပြု
ထားသည်။ သတင်းမီဒီယာသမား (၂) ဦး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ လေ့လာသုံးသပ်သူ (၁)ဦး၊ တက်
ကြွလှုပ်ရှားသူ (၁)ဦးနှင့် အုပ်ချုပ်ရေးဘက်မှ ပါဝင်သူ (၂) ဦး စုစုပေါင်း ၆ ဦး (ကျား (၃) ဦး၊ မ (၃) ဦး) ကို Zoom နှင့် Signal
မှတဆင့် လုံခြုံစွာ မေးမြန်းခဲ့သည်။ ရရှိလာသော အချက်အလက်များကို ဒေသ အာဏာပိုင်များ၏ မူဝါဒများ၊ ထုတ်
ပြန်ချက်များနှင့် သတင်းဖော်ပြချက်များဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့သည်။ ထို့အပြင် ဖြစ်စဉ်လေ့လာချက် (၄) ခုကို
အသေးစိတ် လေ့လာခဲ့သည်။
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
3
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents