၁၂။ သုံးပွင့်ဆိုင် ပူးတွဲကော်မတီ ဖွဲ့စည်းရန် အင်တာနက် လွတ်လပ်ခွင့်၊ သယံဇာတ တူးဖော်ရေးနှင့် အခွန်ကောက်ခံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ကို ဒေသအာဏာပိုင်၊ တပ်ဖွဲ့ခေါင်းဆောင်များနှင့် ဒေသခံအရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ ပါဝင်သည့် ပူးတွဲကော်မတီမှတဆင့် ချမှတ်ရန်နှင့် ဒေသခံများ၏ သဘော��ူညီချက် ရယူရန်။ ဆက်စပ် - ၃.၂၊ ၃.၄ ၁၃။ အခွန်နှင့် သယံဇာတ ဝင်ငွေကို ပွင့်လင်းစွာ ထုတ်ပြန်ရန် အခွန်နှုန်းထား၊ ခွင့်ပြုထားသောဂိတ်များ၏ နေရာနှင့် ကောက်ခံရရှိသော ဝင်ငွေ၊ သုံးငွေကို ပုံမှန် ထုတ်ပြန်ရန်။ ခွင့်ပြုချက်မရှိသောဂိတ်များကို ပိတ်သိမ်းရန်။ ပွင့်လင်းမြင်သာမှု တောင်းဆိုသော ပြည် သူများနှင့် သတင်းသမားများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းမှ ကာကွယ်ရန်။ ဆက်စပ် - ၃.၂ (မကွေးတိုင်း ရေနံမှော် ဂိတ်များ) ၁၄။ ဘက်မလိုက်သော တိုင်ကြားမှုနှင့် အရေးယူမှုစနစ် ထားရှိရန် ကျူးလွန်သူသည် အာဏာပိုင် သို့မဟုတ် တပ်ဖွဲ့ဝင်ဖြစ်စေကာမူ ဘက်မလိုက်ဘဲ ဥပဒေအတိုင်း အရေး ယူရန်။ ကျူးလွန်ခံရသူကို “နစ်နာကြေး” ဖြင့် အမှုကြေအေးရန် ဖိအားပေးခြင်းကို တားမြစ်ရန်။ ကြေ အေးမှုတိုင်းသည် ကျူးလွန်ခံရသူ၏ လွတ်လပ်သော သဘောတူညီချက်ဖြင့်သာ ဖြစ်ရမည်။ ဆက်စပ် - ၄.၃ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 51

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents