“သူတို့မြင်တဲ့အမြင်က ဒီလိုမျုးကျူးလွ ိ န်မှုက အရေးမကြီးဘူး ဒီကာလမှာ။ဒါက ပထမ ဦးစားပေး မဟုတ်ဘ���း။ နောက်တခုက ကျူးလွန်တဲ့ရဲဘော်သည် တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေတာ ဖြစ်တယ်။ သူတို့တပ်ဖွဲ့အတွက် အားကိုးရတဲ့သူဖြစ်တယ်။ ဒီလိုမျုးလူ ိ မို့ ဒါတွေက နောက်မှ ဖြေရှင်းလို့ ရနိုင်တယ်ဆိုလို့ ကျွန်တော်တော့ မလေးစားတာလို့ မြင်တယ်ပေါ့။” ဟုဆိုပြီး “မုဒိမ်းမှုသည် ငွေဒဏ်နဲ့ ပြီးနိုင်တယ် ပြီးသွားအေးရောဆိုတဲ့ ပုံစံမျုး” ိ ဟူသော ဖိအားမျုးကြုံ ိ ရကြောင်း ပြောသည်။ ထို့ကြောင့် ကျား-မ အခြေပြု အကြမ်းဖက်မှုအမှုများတွင် တော်လှန်ရေးအတွက် လိုအပ်သူဟူသည့် အကြောင်း ပြချက်သည် တာဝန်ခံမှုကို နောက်ဆုတ်ပေးသည့် ပုံစံအဖြစ် ပေါ်လွင်သည်။ ၄.၄။ နိုင်ငံတကာစံနှုန်းဖြင့် ဆန်းစစ်ချက်နှင့် အချုးအစားဆိ ိ ုင်ရာ မှတ်ချက် ၄.၄.၁။ အသုံးပြုသည့်စံနှုန်းများနှင့် တော်လှန်ရေးအင်အားစုများအပေါ် သက်ဆိုင်ပုံ မြန်မာနိုင်ငံသည် နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ICCPR) ကို အတည်မပြုရသေးပါ။ သို့သော် ICCPR အပိုဒ် (၁၉) နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ အထွေ ထွေမှတ်ချက် အမှတ် (၃၄) (General Comment No. 34, 2011) တို့သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ချက်များကို ဆန်းစစ်ရာတွင် နိုင်ငံတကာ၌ အကျယ်ပြန့်ဆုံး အသုံးပြုသောစံနှုန်းများ ဖြစ်သည်။ ဤသုတေသနတွင် ယင်းစံနှုန်းများကို တော်လှန်ရေးအင်အားစုများအပေါ် အသုံးချရသည့် အကြောင်းရင်း (၃) ခု ရှိသည်။ အုပ်ချုပ်ရေးလုပ်ပိုင်ခွင့်။ နယ်မြေနှင့်လူဦးရေကို ထိရောက်စွာထိန်းချုပ်ထားပြီး အစိုးရကဲ့သို့ အုပ်ချုပ် ရေး၊ တရားစီရင်ရေးနှင့် အခွန်ကောက်ခံရေးလုပ်ငန်းများ ဆောင်ရွက်နေသော နိုင်ငံမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့ ထိန်းချုပ်ထားသောလူထု၏ လူ့အခွင့်အရေးများကို လေးစားရ မည်ဟု ကုလသမဂ္ဂယန္တရားများက အကြိမ်ကြိမ် သတ်မှတ်ထားသည်။ ကိုယ်ပိုင်ကတိကဝတ်များ။ NUG နှင့် တော်လှန်ရေးအင်အားစုများကိုယ်တိုင် နိုင်ငံတကာ လူ့အခွင့် အရေးစံနှုန်းများကို လိုက်နာမည်ဟု ကတိပြုထားသည်။ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 36

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents