၄.၃။ လက်တွေ့တာဝန်ယူမှု အခြေအနေနှင့် အုပ်ချုပ်ရေးအကျပ်အတည်း
သုတေသန၏ လေ့လာတွေ့ရှိချက်များအရ စိုးမိုးနယ်မြေများတွင် တရားဥပဒေစိုးမိုးရေးနှင့် တာဝန်ခံမှု
ယန္တရားများမှာ တော်လှန်ရေးကာလ (၅) နှစ်ကျော်သည်အထိ အားနည်းနေဆဲပင် ဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရ
သည် အုပ်ချုပ်သူအာဏာပိုင်များကို ဝေဖန်နိုင်ခြင်း ဖြစ်သော်လည်း လက်ရှိတွင် ဝေဖန်မှုများသည် အသုံးဝင်သော
အကြံပြုချက်များအဖြစ် ရှုမြင်ကာ လက်ခံဆွေးနွေးခြင်း မရှိဘဲ၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်သည့်
အန္တရာယ်တခုအဖြစ် ရှုမြင်ခံနေကြသည်။
အင်တာဗျူးတွင်ပါဝင်ခဲ့သည့် နယ်မြေခံ သတင်းသမားက
“တချု့ကိ
ိ စ္စတွေဆိုရင် တိုင်ဖို့ပြုဖို့ရန်အတွက် နေရာကို ရှာရခက်တယ်ပေါ့နော် ဘယ်မ��ာသွားတိုင်လို့၊
တိုင်ရမှန်းမသိဘူး”45 ဟု ဆိုသည်။
အမျုးသား
ိ
ညီညွတ်ရေးအစိုးရ NUG ဘက်တွင် ဝန်ကြီးဌာနပေါင်းစုံပါဝင်သော တိုင်ကြားစာဗဟို ကော်မတီ
တခုရှိသော်လည်း ၎င်းသည် လူထုက အလွယ်တကူ လက်လှမ်းမီနိုင်ခြင်းမရှိကြောင်း NUG ၏ ယခင် လူ့အခွင့်အရေး
ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူကဆိုသည်။46 တိုင်ကြားလိုသူများသည် ဝန်ကြီးဌာနများ၊ Facebook ထိပ်တွင်တွဲ
ထားသောပို့စ်၊ Telegram၊ Viber၊ ဝက်ဘ်ဆိုက်နှင့် မြို့နယ်အဆင့် လူ့အခွင့်အရေး အရာရှိများမှတဆင့် တိုင်ကြားရ
ကြောင်း၊ ထိုတိုင်ကြားစာများကို ဝန်ကြီးဌာနများက ကော်မတီသို့တင်ပြပြီး အမှုများကို (၃) လနှင့် (၆) လကျော်
ကြန့်ကြာမှုအလိုက် ဆက်လက်စောင့်ကြည့်သည်ဟု ရှင်းပြသည်။ ၎င်းက ယမန်နှစ်က (၅၆%) ကျော် ဖြေရှင်းနိုင်သည်
ဟု ဆိုသော်လည်း ထိုကိန်းဂဏန်းကို ဤစာတမ်းက လွတ်လပ်စွာ အတည်မပြုနိုင်သေးပါ။
45 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ နယ်မြေခံသတင်းထောက်နှင့် အင်တာဗျူးမှ ကောက်နှုတ်ချက်
46 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ NUG ၏ ယခင်လူ့အခွင့်အရေးဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက်
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
33
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents