အခြားတဖက်တွင် တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများကို ဦးတည်ကာ အသက်အန္တရာယ် ခြိမ်း ခြောက်ခြင်း၊ ဒေသတွင်းအာဏာပိုင်များမှ ၎င်းတို့ အလိုမရှိသော သတင်းများအား ပြန်လည်ဖျက်ချခိုင်းခြင်းနှင့် အွန် လိုင်းမှတဆင့် တိုက်ခိုက်ခြင်းများမှာ ပိုမိုကျယ်ပြန့်လာနေကြောင်း သုတေသနအင်တာဗျူးတွင် ပါဝင်ဖြေဆိုသူများက ဆိုသည်။ အွန်လိုင်းအကောင့်တုများ၊ အမည်မသိ ဖုန်းနံပါတ်များမှတဆင့် ခြိမ်းခြောက်ခံရသည့်အခါ ကျူးလွန်သူ အား တိကျစွာဖော်ထုတ်ရန် အလွန်ပင်ခက်ခဲသည်။ အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ အလွတ်တန်း အမျုးသမီ ိ းသတင်း ထောက်၏ ပြောဆိုချက်များအရ သူမ၏ လုပ်ဖော်ကိုင်ဖက်တဦးသည် သတင်းရေးသားမှုကြောင့် အွန်လိုင်းမှတဆင့် ခြိမ်းခြောက်စာများ လက်ခံရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုများ၏ မကောင်းသတင်းများက���ု ရေးသားတင်ဆက်ခြင်း မပြုရန်နှင့် စစ်တပ်၏ကျူးလွန်မှုများကိုသာ သတင်းရေးသားရန် ဖိအားပေးမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ထို့နောက် သတင်းသမားများသည် ၎င်းတို့၏ အသက်အန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် အမည်ဝှက်များ (သို့မဟုတ်) ဆိုရှယ်မီဒီယာ အကောင့်တုများဖြင့်သာ သတင်းဖြန့်ဝေရပြီး ကိုယ်တိုင်ဆင်ဆာဖြတ်တောက်ခြင်း (Selfcensorship) ကို ပြုလုပ်လာကြရသည်။38 သတင်းသမားများသည် ၎င်းတို့၏ အသက်အန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် အမည်ဝှက်များ (သို့မဟုတ်) ဆိုရှယ်မီဒီယာ အကောင့်တုများဖြင့်သာ သတင်းဖြန့်ဝေရပြီး ကိုယ်တိုင်ဆင်ဆာဖြတ်တောက်ခြင်း (Self- censorship) ကို ပြုလုပ်လာကြရသည်။ ထို့အပြင် စိုးမိုးနယ်မြေ (သို့မဟုတ်) လွတ်မြောက်နယ်မြေများတွင် ဒလန်ဟု စွပ်စွဲခံရမည်ကို စိုးရိမ်ရသည့် လူမှုရေးဖိအားများရှိကြောင်း သုတေသနတွင် ပါဝင်သူများက ဖော်ပြသည်။ နိဂုံးချုပ်အနေဖြင့် အထက်တွင်ဖော်ပြခဲ့သော တရားဝင်ဖိနှိပ်မှုနှင့် တရားမဝင်ဖိနှိပ်မှု ပုံစံနှစ်မျုးလု ိ ံးသည် ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ဖိနှိပ်၊ ကန့်သတ်နိုင်ရန် ရည်ရွယ်ချက် တခုတည်းကိုသာ ဦးတည်နေသည်ကို တွေ့ရှိရသည်။ နောက်ဆက်တွဲ အကျုးဆက် ိ များအနေဖြင့် စိုးမိုးနယ်မြေများအတွင်း လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကဏ္ဍသည် ယခင်ထက် ပို၍တင်းကြပ်လာပြီး ဒေသခံပြည် 38 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ အလွတ်တန်း အမျုးသမီ ိ းသတင်းထောက်နှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 29

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents