သတင်းရေးသားသည်” ဟု စွပ်စွဲကာ သတင်းသမားတဦးကို (၂) ကြိမ်တိုင် ဖမ်းဆီးခဲ့သည့်ဖြစ်ရပ်တခု ကချင်လွတ်
မြောက်ရေးတပ်မတော် (KIA) စိုးမိုးရာ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည်။ ထိုသတင်းသမားကို ပထမတကြိမ် (၂၈)
ရက်ကြာ ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး နောက်တကြိမ်တွင် (၂၄) နာရီကြာ ထိန်းသိမ်းထားခဲ့သည်။ (၂၈) ရက်ကြာ ချုပ်
နှောင်စဉ်က ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် အခြားသော လက်နက်ကိုင် တပ်ဖွဲ့များအကြား သွေးကွဲစေသည်
ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အချုပ်ခန်းမဟုတ်သည့် အဆောင်တန်းလျား တခုအတွင်း
ဖမ်းဆီး ချုပ်နှောင်ထားစဉ် လက်နက်ကိုင် အစောင့်အကျပ်များဖြင့်ထားရှိပြီး ထိုသို့ ထိန်းသိမ်းထားစဉ် ကာလ
တလျှောက်လုံးတွင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း အဆိုပါ သတင်း
သမားက ပြောကြားခဲ့သည်။
“ကျွန်တော့်ကိုစောင့်တဲ့ အစောင့်တွေက တခါတလေမူးယဇ်သောက်တယ်။ မူးလာရင် အမှုစစ်မယ်
ဆိုပြီးတော့ ဒူးခေါင်းအောက်မှာ ကျောက်ခဲတွေခံပြီးတော့ ဒူးထောက်ခိုင်းတာ။ ကျတော့် မျက်လုံးကို
အဝတ်စစည်းပြီးတော့ အပေါ်ကနေ တိပ်နဲ့ အထပ်ထပ်ပိတ်ထားတယ်။ တခါတလေ လက်ကို နောက်
ပြန်ခတ်ထားတယ်၊ တခါတလေ လက်ကို ရှေ့မှာထားတယ်။ အရမ်းတောင်းဆိုမှ လက်ထိပ်ကို ရှေ့မှာ
ပြန်ထားပေးတာ။ မကြည်ရင်မကြည်သလို နောက်ပြန်ခတ်တာ။ လက်ထိပ်နောက်ပြန်ခတ်ပြီး အိပ်တဲ့
အခါကျရင် ကျွန်တော်တို့မခံနိုင်ဘူး။” 36
သတင်းအမှားဟူသော စွပ်စွဲချက်နှင့် သွေးကွဲစေသည်ဆိုသည့် အကြောင်းပြချက်ကို မည်သူက၊ မည်သည့်
စံနှုန်းဖြင့်၊ မည်သို့သော လုပ်ငန်းစဉ်အောက်တွင် စီရင်ဆုံးဖြတ်သည်ဆိုသည့် ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်များ
မတွေ့ရပေ။ ထို့ကြောင့် ၎င်းသည် တရားစီရင်ရေးဆုံးဖြတ်ချက် တခုထက် အာဏာပိုင်၏ တဖက်သတ်ဆုံးဖြတ်ချက်
တခုအဖြစ် ရှုမြင်နိုင်သည်။ ထို့အပြင် တင်းကြပ်သည့် ကန့်သတ်ချက်များသည် သတင်းသမားများအတွက် စောင့်
ကြည့်သူ အခန်းကဏ္ဍထက် တော်လှန်ရေး ဝါဒဖြန့်ချရေးကိ
ိ
ရိယာ ဖြစ်စေရန် ပို၍ ���ွန်းအားပေးသကဲ့သို့ ဖြစ်နေသည်။
နည်းပညာပိုင်းဆိုင်ရာ တရားဝင်ဖိနှိပ်မှုအနေဖြင့် ၂၀၂၅ ခုနှစ်၊ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စတားလင့်အင်တာ
နက်စက် လက်ဝယ်ပိုင်ဆိုင်ထားသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နေရပ်လိပ်စာ မှတ်တမ်းတင်ခိုင်းခြင်းသည်
နည်းပညာပိုင်းဆိုင်ရာ တရားဝင် စောင့်ကြည့်ထိန်းချုပ်မှုဖြစ်ပြီး ၎င်းမှာ စစ်တပ်၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထိန်းချုပ်
မှု ယန္တရားများနှင့် အလားတူသည့် ချဉ်းကပ်နည်း ဖြစ်နေသည်။37 (အသေးစိတ်ကို ၃.၄ တွင် ကြည့်ပါ)
36 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ နယ်မြေခံသတင်းထောက်နှင့် အင်တာဗျူးမှ ကောက်နှုတ်ချက်)
37 Starlink ကိစ္စနဲ့ ပြဿနာဖြစ်ပွားခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေကို အရေးယူသွားမှာဖြစ်သလို ဆိုင်ဖွင့်သူတွေကို Starlink စည်းမျဉ်းစည်းကမ်းနဲ့အရေးယူမည်၊
မြေလတ်အသံ (အောက်တိုဘာလ ၂၀၂၅)
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
28
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents