ဒေသခံပြည်သူလူထု ကြုံတွေ့လာရသည့် နောက်ဆက်တွဲ အကျုးဆက် ိ မှာ သတင်းစီးဆင်းမှုများ ရပ်တန့် သွားရုံသာမကဘဲ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအပြင် လူမှုရေးရာကဏ္ဍများ၏ ထိခိုက်နှစ်နာမှုများ ဖြစ်သည်။ 24 လေ့လာတွေ့ရှိချက်များအရ စိုးမိုးနယ်မြေတချု့၌ ိ အာဏာပိုင်များသည် စစ်ရေးနှင့်လုံခြုံရေးကို အကြောင်းပြကာ ဒေသတွင်း အင်တာနက်အသုံးပြုခွင့်ကို ကန့်သတ်ထားလေ့ရှိသည်။ အင်တာဗျူးတွင်ပါဝင်ခဲ့သည့် လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်အရေး လေ့လာသုံးသပ်သူကမူ စတားလင့်အသုံးပြုခွင့်အတွက် အခွန်နှုန်းမြှင့်တင်ခြင်းကို ထိန်းချုပ် ရန်စဉ်းစားတဲ့ နည်းစနစ်တခုအဖြစ် မြင်ကြည့်နိုင်ကြောင်းဆိုသည်။ “အများပြည်သူက လွယ်လင့်တကူ အသုံးပြုနိုင်တဲ့ အခွင့်အရေးတခုကို အားနည်းသွား‌အောင် လုပ် တယ်လို့ ကျွန်တော်တို့ မြင်လို့ရတယ်။ … ဒါတွေက FOE ကို လုံခြုံရေး၊ စစ်ရေး အကြောင်းပြပြီးတော့ ပိတ်ပင်ဖို့ လုပ်တာပဲပေါ့နော်။ ဒီနေရာမှာ တဖက်က လုံခြုံရေးနဲ့ အများပြည်သူအတွက် အန္တရာယ် ရှိတယ်ဆိုတာကို ကျွန်တော်တို့က စဉ်းစားပေးပေမဲ့၊ ဒီလိုပိတ်တာကတော့ ပိုတယ်လို့ ကျွန်တော်တို့ က မြင်တယ်။ ဒီဟာထက်ကို တခြားအရပ်ဖက်မှာ တခြားသော အခြေအနေတွေကို ချုပ်နိုင်ဖို့ ကြိုးစား တာပေါ့။ အာဏာသက်ရောက်ဖို့၊ တကယ်လက်တွေ့ ဘယ်ဟာတွေကြောင့်မို့လို့ ဒီလိုအခြေအနေမျုးိ တွေ ဖြစ်နေသလဲဆိုတဲ့ဟာမျုးတွေ ိ စူးစမ်းတာ၊ လေ့လာတာမျုးမလု ိ ပ်ဘဲနဲ့ လွယ်လင့်တကူ ပိတ်ပင် ဖို့ကြိုးစားတဲ့ ကိစ္စမျုးတွေပေါ့ ိ နော်။ ဒီဟာက ခဏကပြောတဲ့ ထင်ရှားတဲ့ဥပမာ ဒုတိယတခုလို့ မြင်ပါ တယ်ခဗျာ။” 25 ဒေသတွင်း အာဏာပိုင်များသည် ဒစ်ဂျစ်တယ်နှင့် အင်တာနက်လွတ်လပ်ခွင့်ကို စစ်ရေး၊ လုံခြုံရေးဟူသော အကြောင်းပြချက်ဖြင့် ကန့်သတ်ရာတွင် လုံခြုံရေးအန္တရာယ်သည် အမှန်တကယ် ရှိနိုင်သော်လည်း၊ တဖက်တွင် ၎င်း တို့ အာဏာတည်မြဲစေရန်နှင့် အခွန်ငွေ ရရှိနိုင်ရေးအတွက်ပါ အသုံးချနေနိုင်သည်ဟု အင်တာဗျူးပါဝင်သူတဦးက ဆိုသည်။ ဒစ်ဂျစ်တယ်နှင့် အင်တာနက်လွတ်လပ်ခွင့်ကို ထိန်းချုပ်ခြင်းသည် ဒေသခံများ၏ သတင်းရယူ၊ သိရှိပိုင်ခွင့် ကိုသာမက ၎င်းတို့၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကိုပါ ထိခိုက်စေသည့်အတွက် ထိုကန့်သတ်ချက်များသ���် လိုအပ်ချက်နှင့် အချုးညီ ိ မျှမှု စံနှုန်းကို ကျော်လွန်နေသလားဆိုသည်ကို မေးခွန်းထုတ်သင့်သည်။ သို့ရာတွင် အာဏာပိုင်ဘက်၏ ရှင်းလင်းချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည်။ NUG ၏ ယခင် လူ့အခွင့် အရေးဝန်ကြီးဌာန တာဝန်ရှိသူက Starlink ကို ပိတ်ပင်ရခြင်းသည် ရုံးများ၏ လုံခြုံရေးသာမက ရုံးတည်ရှိရာ ရွာတ ရွာလုံး ပစ်မှတ်ထားခံရနိုင်သည့် ရပ်ရွာလုံခြုံရေးအတွက်လည်း ဖြစ်ကြောင်းရှင်းပြပြီး “ဒီသတင်းတွေက ရုံးနေရာတွေ 23 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ အလွတ်တန်း အမျုးသမီ ိ းသတင်းထောက်နှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် 24 မြန်မာ့ ပြည်တွင်းဖြစ် - စစ်တပ်မှ ပြုလုပ်သည်၊ အသံအဖွဲ့ (နိုဝင်ဘာလ ၂၀၂၅) 25 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လေ့လာသုံးသပ်သူနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 23

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents