ဖရဲရွာတွင် လူဦးရေ ၁,၀၀၀ ကျော် နေထိုင်လျက်ရှိပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလမှစ၍ မြေရှားသတ္တု တူး
ဖော်ရေးလုပ်ငန်းများ စတင်ဝင်ရောက်လာခဲ့သည်။2 ထိုလုပ်���ွက်များသည် ဒေသခံများ မှီခိုသောက်သုံးနေရသည့်
တောင်ပေါ် ရေအရင်းအမြစ်များအနီးတွင် တည်ရှိနေသဖြင့် သောက်သုံးရေ ညစ်ညမ်းပျက်စီးခြင်းနှင့် သဘာဝ
ပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ဒေသခံများက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ထံ
စာဖြင့် အကြိမ်ကြိမ် တင်ပြတားမြစ်ခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့သော်လည်း တုံ့ပြန်မှုမရရှိခဲ့ဟု
ဖော်ပြသည်။3
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် ဒေသခံတချု့က
ိ မြေရှားသတ္တုလုပ်ကွက်များရှိ တရုတ်လုပ်ငန်းရှင်များ
ကို ရေအရင်းအမြစ်များအနီး တူးဖော်မှုများ မပြုလုပ်ရန် သွားရောက်တောင်းဆိုစဉ် KIA တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး
သို့မဟုတ် မိုင်းကဲ့သို့လက်နက်ဖြင့် ပစ်ခတ်၍ လူစုခွဲခဲ့သဖြင့် ဒေသခံ (၂) ဦး ဒဏ်ရာရရှိကာ ဦးဆောင်သူများကိုလည်း
ဖမ်းဆီးခဲ့သည်ဟု ဖော်ပြသည်။4 နောက်ရက်များတွင် ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် သွားရောက်တောင်းဆို
သည့် ဒေသခံများ၊ ကျောင်းဆရာများနှင့် ဘာသာရေးခေါင်းဆောင်များ အပါအဝင် ဒေသခံ အမျုးသား
ိ
(၄၄) ဦးကို KIA
က ပိတ်ဆို့ ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။
သယံဇာတဖြင့် ရန်ပုံငွေအကျုးအမြတ်
ိ
ကြီးမားသည့် နယ်မြေများတွင် ဒေသခံများ၏
သဘာဝပတ်ဝန်းကျင် တရားမျှတမှုတောင်းဆိုခြင်းနှင့် အခွန်ကောက်ခံမှုကို
မေးခွန်းထုတ်ခြင်းတို့ကို နှောင့်ယှက်မှုအဖြစ်ရှုမြင်ကာ အင်အားသုံးတုံ့ပြန်ခဲ့သည်ဟု
ဒေသခံများနှင့် မီဒီယာများ၏ ဖော်ပြချက်များက ညွှန်ပြနေသည်။
အာဏာပိုင်များ၏ တုံ့ပြန်မှုနှင့်တာဝန်ခံမှုကို လေ့လာရာတွင် KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်
ဘူက ၎င်းထံ ဆက်သွယ်မေးမြန်းခဲ့သည့် မီဒီယာများကို “ဒီအခြေအနေအပေါ် သတင်းမရသေးပါ” ဟု တုံ့ပြန်ခဲ့
ိ ု ခံဝန်ဖြင့်ပြန်လွှတ်ကြောင်း သတင်းများက
သည်။5 ဖေဖော်ဝါ��ီလ (၁၉) ရက်နေ့တွင် ဖမ်းဆီးထားသူထဲမှ တချု့ကိ
ဖော်ပြထားသည်။6
2 https://www.rfa.org/burmese/news/kio-rare-earth-06142023064627.html
3 https://burmese.kachinnews.com/2023/10/24/ld1-76/
4 https://www.rfa.org/burmese/news/rare-earth-kachin-02142024030917.html
5 https://www.rfa.org/burmese/news/rare-earth-kachin-02142024030917.html
6 https://burmese.kachinnews.com/2024/02/19/ld1-119/
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
15
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents