၁၈။ ဒေသခံများနှင့် တိုင်ကြားမှုယန္တရားကြား ကြားခံအဖြစ် ဆောင်ရွက်ရန်
ဒေသခံများကို ၎င်းတို့၏ လူ့ရပိုင်ခွင့်များနှင့် တိုင်ကြားနိုင်သော လမ်းကြောင်းများအကြောင်း အသိ
ပညာပေးရန်။ လက်စားချေခံရမည်ကို စိုးရိမ်သော ဒေသခံများကိုယ်စား တိုင်ကြားချက်များကို လုံခြုံစွာ
တင်ပြပေးရန်နှင့် တိုင်ကြားချက်များ မည်သို့ ဖြေရှင်းခံရသည်ကို ဆက်လက် စောင့်ကြည့်ရန်။
ဆက်စပ် - ၄.၃
၁၉။ တော်လှန်ရေး အာဏာပိုင်များနှင့် အပြုသဘောဖြင့် ဆွေးနွေးရန်
အင်တာနက်စည်းမျဉ်းများ၊ မီဒီယာ မူဝါဒများကဲ့သို့ မူဝါဒမူကြမ်းများအပေါ် အကြံပြုချက်များ ပေးနိုင်
ရန် တော်လှန်ရေး အာဏာပိုင်များနှင့် ပုံမှန်ဆွေးနွေးပွဲများ ပြုလုပ်ရန်။ သုံးပွင့်ဆိုင် ပူး��ွဲကော်မတီ
များတွင်ပါဝင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ကတိကဝတ်များကို လက်တွေ့ လိုက်နာမှု ရှိ၊
မရှိ စောင့်ကြည့်ရန်။
ဆက်စပ် - ၃.၄၊ ၄.၂
၂၀။ ဝေဖန်ခြင်းသည် တော်လှန်ရေးကိုထိခိုက်သည်ဟူသော ဇာတ်ကြောင်းကို တုံ့ပြန်ရန်
ဝေဖန်ထောက်ပြခြင်းသည် တော်လှန်ရေးကို အားနည်းစေခြင်း မဟုတ်ဘဲ ခိုင်မာစေကြောင်း လူထု
အသိပညာပေး လှုပ်ရှားမှုများ ပြုလုပ်ရန်။ “ဒလန်” ဟု စွပ်စွဲခြင်းနှင့် အွန်လိုင်း ခြိမ်းခြောက်မှုများကို
ခံရသူများအတွက် ပူးပေါင်း ရပ်တည်ပေးရန်။
ဆက်စပ် - ၄.၁၊ ၄.၂
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
53
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents