၆.၄။ အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာ အဖွဲ့အစည်းများသို့
၁၅။ ပါဝင်သူ အားလုံး၏ ချုးဖောက်
ိ
မှုများကို စနစ်တကျ မှတ်တမ်းတင်ရန်
မြန်မာစစ်တပ်၏ ချုးဖောက်
ိ
မှုများသာမက တော်လှန်ရေးအင်အားစုများ ကျူးလွန်သော လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့် ချုးဖောက်
ိ
မှုများကိုလည်း ဘက်မလိုက်ဘဲ မှတ်တမ်းတင်ရန်။ အဖွဲ့အစည်းများ
ကြား အတည်ပြုစစ်ဆေးမှု စံနှုန်းတူညီစေရန်နှင့် မှတ်တမ်းများကို လုံခြုံစွာ သိမ်းဆည်းမျှဝေနိုင်မည့်
စနစ် ထူထောင်ရန်။ ဤသို့ မှတ်တမ်းတင်ခြင်းသည် NUG ၏ တိုင်ကြားစာ ကော်မတီ သိမ်းဆည်း
ထားသောအမှုများကို နောင်တချန်ိ တွင် တရားမျှတမှု ရရှိစေရန် အထောက်အကူ ဖြစ်စေမည်။
ဆက်စပ် - ၃.၂ မှ ၃.၅ အထိ၊ ၄.၃
၁၆။ ပူးပေါင်းဖိအားပေးမှုကို အမြဲတမ်းစနစ်အဖြစ် တည်ဆောက်ရန်
ယင်းမာပင���ဖြစ်စဉ်တွင် အမျုးသမီ
ိ
းအဖွဲ့ (၁၆) ဖွဲ့နှင့် အရပ်ဘက်အဖွဲ့ (၁၄၉) ဖွဲ့၏ ပူးတွဲ အိတ်ဖွင့်ပေးစာ
ထွက်ပေါ်လာမှသာ NUG က စစ်ဆေးမှု စတင်ခဲ့သည်။ ထို့ကြောင့် ချုးဖောက်
ိ
မှု ဖြစ်ပွားသည့်အခါ အ
မြန်တုံ့ပြန်နိုင်မည့် အမြဲတမ်းညွန့်ပေါင်းအဖွဲ့ (Rapid Response Coalition) ကို ဖွဲ့စည်းရန်။ ကြေညာ
ချက် ထုတ်ပြန်ရုံဖြင့် မရပ်ဘဲ ဖြစ်စဉ်ပြီးဆုံးသည်အထိ ဆက်လက် စောင့်ကြည့်တောင်းဆိုရန်။
ဆက်စပ် - ၃.၃
၁၇။ သတင်းသမားများနှင့် ထုတ်ဖော်ပြောဆိုသူများကို ကာကွယ်ပေးရန်
ခြိမ်းခြောက်ခံရသော သတင်းသမားများ၊ ထုတ်ဖော်ပြောဆိုသူများနှင့် ၎င်းတို့၏ မိသားစုများအတွက်
အရေးပေါ် ရန်ပုံငွေ၊ ဘေးကင်းရာ ပြောင်းရွှေ့နေထိုင်ရေး အကူအညီ၊ ဥပဒေအကူအညီနှင့် ဒစ်ဂျစ်တယ်
လုံခြုံရေးသင်တန်းများ ပေးရန်။ ညှဉ်းပန်းနှိပ်စက်ခံရသူများနှင့် ကျား-မ အခြေပြု အကြမ်းဖက်မှုမှ
ရှင်သန်ကျန်ရစ်သူများအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးရန်။
ဆက်စပ် - ၃.၃၊ ၃.၅
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
52
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents