၈။ ဖရဲရွာဖြစ်စဉ်အတွက် တာဝန်ခံရန်နှင့် သတ္တုတူးဖော်ရေးကို ပြန်လည်သုံးသပ်ရန်
ဖမ်းဆီးထားသော ဒေသခံများထဲမှ ကျန်ရှိနေသူများရှိပါက ပြန်လွှတ်ရန်။ ငြိမ်းချမ်းစွာ တောင်းဆိုသူ
များကို ပေါက်ကွဲစေတတ်သောလက်နက်ဖြင့် လူစုခွဲခဲ့ပြီး ဒေသခံ (၂) ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ကို
စုံစမ်းစစ်ဆေးရန်။ ရေအရင်းအမြစ်များအနီးရှိ သတ္တုတူးဖော်မှုများကို ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်
ချက် ပြီးဆုံးသည်အထိ ရပ်ဆိုင်းထားရန်နှင့် တူးဖော်ရေး လုပ်ငန်းသစ်များအတွက် ဒေသခံများ၏
သဘောတူညီချက်ကို ကြိုတင် ရယူရန်။
ဆက်စပ် - ၃.၂
၉။ သတင်းမီဒီယာဆိုင်ရာ မူဝါဒများကို ပြန်လည်ပြင်ဆင်ရန်
သတင်းသမားများအပေါ် ယေဘုယျ ကြိုတင်ခွင့်ပြုချက်စနစ်များအစား ထုတ်ပြန်၍ မရသော စစ်ရေး
အချက်အလက် အမျုးအစား
ိ
(ဥပမာ တပ်နေရာများ၊ ဆောင်ရွက်ဆဲ စစ်ဆင်ရေး အသေးစိတ်) ကို
ကျဉ်းမြောင်းတိကျစွာသတ်မှတ်၍ အများသိအောင် ထုတ်ပြန်ရန်။ သွေးကွဲစေသည် ကဲ့သို့သော ကျယ်
ပြန့်သောစွပ်စွဲချက်များကို ဖမ်းဆီးရန် အကြောင်းပြချက်အဖြစ် အသုံးမပြုရန်။ မီဒီယာ၏ မေးမြန်း
ချက်များကို အချန်ိ မီ ဖြေကြားနိုင်မည့် ပြောရေးဆိုခွင့်ရှိသူစနစ်ကို ထားရှိရန်။
ဆက်စပ် - ၃.၂၊ ၃.၅၊ ၄.၁ (KNU မူဝါဒ)
၁၀။ လူ့ရပိုင်ခွင့်ကျင့်ဝတ်ကို သင်တန်းများတွင် မဖြစ်မနေ ထည့်သွင်းရန်
စစ်ရေးသင်တန်း၊ ဝန်ထမ်းသင်တန်းနှင့် မွမ်းမံသင်တန်းများတွင် လူ့ရပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်
ပြောဆိုခွင့်၊ သတင်းသမားများ၏ အခန်းကဏ္ဍနှင့် အရပ်သားများအပေါ် လိုက်နာရမည့် ကျင့်ဝတ်များ
ကို မဖြစ်မနေ ထည့်သွင်းသင်ကြားရန်။ မြေပြင် စစ်ဆေးရေးများတွင် ပါဝင်သော တပ်ဖွဲ့ဝင်များကို
ဦးစားပေး သင်ကြားရန်။
ဆက်စပ် - ၃.၄ (Starlink စစ်ဆေးမှုတွင် စိတ်လိုက်မာန်ပါ ပြုမူခြင်း)၊ ၄.၂
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
49
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents