ဤဆန်းစစ်ချက်အရ လေ့လာခဲ့သော ဖြစ်စဉ်များတွင် လုံခြုံရေး၊ စစ်ရေးဟူသော အကြောင်းပြချက်များ သည် တရားဝင်နိုင်သော်လည်း ထိုကန့်သတ်ချက်များကို ဥပဒေဖြင့် ရှင်းလင်းစွာပြဋ္ဌာန်းမှုနှင့် လိုအပ်ချက်နှင့် အချုးိ ညီမျှမှုအပိုင်းများတွင် အားနည်းချက်များ ရှိနေကြောင်း ညွှန်ပြသည်။ ထို့ပြင် ဤဖြစ်စဉ်များတွင် ယန္တရားပြင်ပမှ ခြိမ်းခြောက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကဲ့သို့ မည်သည့်အကြောင်းပြချက်ဖြင့်မျှ တရားမဝင်နိုင်သော လုပ်ရပ်များ လည်း ပါဝင်သည်။ အချုးအစားဆိ ိ ုင်ရာမှတ်ချက်။ ဤတွေ့ရှိချက်များသည် မြန်မာစစ်တပ်၏ ချုးဖောက် ိ မှုများနှင့် စနစ်တကျ ကျူးလွန်မှုအရ တန်းတူညီမျှသည်ဟု မဆိုလိုပါ။ ဤစာတမ်းက တော်လှန်ရေးအင်အားစုများသည် ၎င်းတို့ကာကွယ် လိုသော တန်ဖိုးများဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာကို လက်တွေ့တွင် လေးစားရန် တာဝန်ရ���ိသည်ဟူသော စံနှုန်းကို အခြေခံ၍ ဆန်းစစ်ခြင်းဖြစ်ပြီး “ရန်သူကိုအကျုးပြုခြင် ိ း” မဟုတ်ဘဲ တော်လှန်ရေး၏ ရည်မှန်းချက်ကို ကာကွယ်ရန် ရည်ရွယ်သည်။ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 42

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents