နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (IHL)။ မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ် ဂျနီဗာ သဘော တူစာချုပ်များ၏ အဖွဲ့ဝင်ဖြစ်သည်။ ယင်းစာချုပ်များ၏ ဘုံအပိုဒ် (၃) (Common Article 3) သည် နိုင်ငံမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များအပါအဝင် ပဋိပက္ခတွင် ပါဝင်သူအားလုံးကို တိုက်ရိုက် ချည် နှောင်ထားပြီး ထိန်းသိမ်းထားသူများကို လူသားဆန်စွာဆက်ဆံရန်နှင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက် စက်စွာဆက်ဆံခြင်းနှင့် လူ့ဂုဏ်သိက္ခာကို ချုးနှ ိ ိမ်ခြင်းတို့ကို တားမြစ်ထားသည်။ ထို့ပြင် ဓလေ့ထုံးတမ်း ဆိုင်ရာ IHL စည်းမျဉ်း (၃၄) အရ ပဋိပက္ခဒေသတွင် တာဝန်ထမ်းဆောင်နေသော အရပ်သား သတင်း သမားများကို လေးစားကာကွယ်ရမည် ဖြစ်သည်။ ၄.၄.၂။ ICCPR အပိုဒ် ၁၉ နှင့် ကန့်သတ်ချက်ဆိုင်ရာ စည်းမျဉ်းများ ICCPR အပိုဒ် ၁၉(၁) အရ မည်သူမဆို ထင်မြင်ယူဆချက် ကိုင်ဆောင်ခွင့်ကို မည်သည့် ကန့်သတ်ချက်မျှ မထားရှိရပါ။ အပိုဒ် ၁၉(၂) အရ အင်တာနက်အပါအဝင် မည်သည့်မီဒီယာမှတဆင့်မဆို သတင်းအချက်အလက်များကို ရှာဖွေခွင့်၊ ရယူခွင့်နှင့် ဖြန့်ဝေခွင့် ရှိသည်။ စံနှုန်းသုံးရပ် (Three-part Test)။ အပိုဒ် ၁၉(၃) အရ ဤအခွင့်အရေးကို ကန့်သတ်နိုင်သော်လည်း ကန့် သတ်ချက်တိုင်းသည် အောက်ပါစံနှုန်း (၃) ရပ်စလုံးနှင့် ကိုက်ညီရမည် ဖြစ်သည်။ ကန့်သတ်ချက် ကိုက်ညီကြောင်း သက်သေပြရမည့်တာဝန်မှာ အာဏာပိုင်ထံတွင် ရှိသည်။ ဥပဒေဖြင့် ပြဋ္ဌာန်းထားရမည်။ ကန့်သတ်ချက်သည် အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန် ထားသောဥပဒေ သို့မဟုတ် စည်းမျဉ်း ဖြစ်ရမည်။ လူတဦးချင်း မိမိအပြုအမူကို ချန်ိ ညှိနိုင် လောက်အောင် တိကျရှင်းလင်းရမည်ဖြစ်ပြီး အကောင်အထည်ဖော်သူများကို အကန့်အသတ် မဲ့ ဆုံးဖြတ်ခွင့် မပေးရပါ (GC34 စာပိုဒ် ၂၅)။ တရားဝင်ရည်ရွယ်ချက် ရှိရမည်။ အခြားသူများ၏ လူ့ရပိုင်ခွင့် သို့မဟုတ် ဂုဏ်သိက္ခာကို လေးစားရန်၊ အမျုးသားလု ိ ံခြုံရေး၊ အများပြည်သူ အေးချမ်းသာယာရေး၊ ပြည်သူ့ကျန်းမာရေး သို့မဟုတ် ကိုယ်ကျင့်တရားကို ကာကွယ်ရန်ဟူသော ရည်ရွယ်ချက်များထဲမှ တခု ဖြစ်ရမည်။ ဤစာရင်းသည် ပြည့်စုံပြီးဖြစ်၍ “တော်လှန်ရေးပုံရိပ်ကို ကာကွယ်ရန်” သို့မဟုတ် “စည်းလုံး ညီညွတ်ရေး” ကဲ့သို့သော ရည်ရွယ်ချက်များ မပါဝင်ပါ။ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 37

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents