သူက ကြေညာချက်များနှင့် လက်တွေ့ကျင့်သုံးမှုအကြား ကွာဟချက်ကိုလည်း ထောက်ပြသည်။ “ဒါက စာရွက်ပေါ်မှာပဲ ရှိနေတဲ့ အခြေအနေတခုပါပဲ။ ကျွန်တော်တို့က ကျေနပ်လို့မရဘူး။” ဟု ဆိုသည်။ ၎င်းက ကရင်နီ၊ ကရင်၊ စစ်ကိုင်းဒေသအချု့တွ ိ င် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို နားလည်သည့်အဖွဲ့များ ရှိကြောင်းလည်း အသိ အမှတ်ပြုသည်။ ထို့ကြောင့် အကြောင်းပြချက်များသည် လက်နက်ကိုင်အဖွဲ့အားလုံး၏ တူညီသော မူဝါဒမဟုတ်ဘဲ စစ်ရေးဖိအားအောက်တွင် ဒုတိယတန်းချထားသည့် ရွေးချယ်မှုဖြစ်သည်ဟု ဆန်းစစ်နိုင်သည်။ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနကမူ NUG ကို ဝေဖန်ခြင်းကို တားမြစ်သည့် မူဝါဒမရှိဟု ဆိုသည်။44 အရေးပေါ်အခြေအနေများတွင်ပင် ကန့်သတ်ချက်တခုသည် ဥပဒေ/စည်းမျဉ်းဖြင့် ပြဋ္ဌာန်းထားခြင်း၊ တရားဝင်ရည်ရွယ်ချက်ရှိခြင်း၊ လိုအပ်ချက်နှင့် အချုးညီ ိ ခြင်းဟူသော စံနှုန်းများနှင့် ကိုက်ညီရမည် ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်ခြင်းကဲ့သို့ အခြေခံအကာအကွယ်ရသင့်သော အခွင့်အရေးများကိုမူ စစ်ရေးဖိအားကို အကြောင်းပြ၍ ချုးဖောက် ိ ခွင့်မရှိပေ။ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များသည် အကြမ်းဖက်စစ်တပ်၏ အဆက်မပြတ် ပြင်းထန်လှသော လေ ကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်စစ်ကြောင်းထိုးမှုများအောက်တွင် အသက်အန္တရာယ်နှင့် နယ်မြေလက်လွှတ်ရမည့် စိန်ခေါ်မှု ကြီးမားလှသော စစ်ရေးဖိအားများကို နေ့စဉ်ရင်ဆိုင်နေရသည်။ သို့သော် အရေးပေါ်အခြေအနေများတွင်ပင် ကန့်သ��်ချက်တခုသည် ဥပဒေ/စည်းမျဉ်းဖြင့် ပြဋ္ဌာန်းထားခြင်း၊ တရားဝင် ရည်ရွယ်ချက်ရှိခြင်း၊ လိုအပ်ချက်နှင့် အချုးိ ညီခြင်းဟူသော စံနှုန်းများနှင့် ကိုက်ညီရမည် ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်ခြင်းကဲ့သို့ အခြေခံအကာအကွယ် ရသင့် သော အခွင့်အရေးများကိုမူ စစ်ရေးဖိအားကို အကြောင်းပြ၍ ချုးဖောက် ိ ခွင့်မရှိပေ။ ဤအကြောင်းပြချက်နှင့် ဇာတ်ကြောင်းများသည် တော်လှန်ရေး၌ ပါဝင်နေသော အဖွဲ့အစည်းများနှင့် လက် နက်ကိုင်တပ်ဖွဲ့များအားလုံးမှ သဘောတူချမှတ်ထားသည့် သဘောထားမဟုတ်ဘဲ၊ မတူညီသော အဖွဲ့အစည်းများ အကြား ဗဟိုနှင့် ဒေသန္တရအဆင့်ကြား ကျင့်ဝတ်စံနှုန်းများကို လက်တွေ့ကျင့်သုံးရာ၌ ဖြစ်ပေါ်လာသည့် မူဝါဒနှင့် လက်တွေ့လုပ်ဆောင်ချက်များကြားမှ ကွာဟချက်တခုအဖြစ် တွေ့ရှိရသည်။ 44 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ NUG ၏ ယခင်လူ့အခွင့်အရေးဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 32

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents