2/24/25, 3:20 PM
Digital Hate: Monthly Update for January 2025
အထူးသဖြင့် BHRN သည် 2025 ခုနှစ် ဇန်နဝါရီလ တွင် Facebook gp ၃ ခု နှင့် Facebook
အကောင့် ၁၃ ခု စောင့်ကြည့်မှုတွင် အမုန်းစကားတွေ့ရှိမှု ( ၈ ) ခု ၊ Telegram Channels
၂၄ ခု မှ အမုန်းစကားတွေ့ရှိမှု ( ၆၃ ) ခု ၊ Tiktok account ၃၄ ခုစောင့်ကြည့်ရာတွင် အမုန်း
စကားတွေ့ရှိမှု ( ၁၆ ) ခုကို တွေ့ရှိခဲ့ရသည်။ ဇန်နဝါရီလအတွင်း အမုန်းစကားလေ့လာ
စောင့်ကြည့်မှုတွင် အမုန်းစကားဖြန့်ဝေမှု ( ၈၇ ) ခုကို မှတ်တမ်းတင်ခဲ့သည်။ ဆိုရှယ်မီဒီယာ
တခုလုံးကို လွှမ်းခြုံနိုင်သည့် လေ့လာစောင့်ကြည့်မှုမျိုးကို လုပ်ဆောင်ရန်အတွက် အကန့်
သတ်များစွာရှိသဖြင့်
ပါသည်။
မှတ်တမ်းမတင်နိုင်သည့်
အမုန်းစကားဖြစ်စဉ်များလည်း
ရှိနိုင်
၃။ လူမှုကွန်ရက်များတွင် အမုန်းစကားတွေ့ရှိချက်များ
ဇန်နဝါရီလ လေ့လာစောင့်ကြည့်မှုတွင် တွေ့ရှိရသည့် အမုန်းစကားများ၏ ဦးတည်ပစ်မှတ်
များမှ တွေ့ရှိမှုတွင် အမုန်းစကားဦးတည် တိုက်ခိုက်ခံရမှု အများဆုံးမှာ PDF များဖြစ်ပြီး
ဒုတိယတိုက်ခိုက်မှု အများဆုံးမှာ ရခိုင့်တပ်တော် AA ကို ဦးတည်တိုက်ခိုက်သည့် အမုန်း
စကားများဖြစ်ပြီး တတိယ အများဆုံးမှာ အစ္စလာမ်ဘာသာဝင်များအပေါ် ဖြစ်သည်။
ထို့ နောက် KIA နှင့် ရိုဟင်ဂျာလူမျိုးများအား ရေးသားပြောဆို ကြသည့် အမုန်းစကားတို့
ဖြစ်သည်။ ရခိုင်တိုင်းရင်းသားများ အပေါ် အမုန်းစကားဖြန့်ဝေမှုမှာ လည်း AAနှင့်အတူ
ယှဉ်တွဲ ပါဝင်ခဲ့သည်။
ထို့ ပြင် ယခုလတွင် အမုန်းစကားဖြန့်ဝေမှုများတွင် အသုံးအများဆုံး အသုံးအနှုန်းများ
မှာ ခွေး ၊ ကုလား၊ ပဒပ် ၊ ဘင်္ဂါလီအကြမ်းဖက် ၊ မိစ္ဆာ ၊ ကွန်ဒုံးကောင် တို့ ဖြစ်သည်။
အစ္စလာမ်ဘာသာဝင်များနှင့် ရို ဟင်ဂျာများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုပြီးနောက်ပိုင်းတွင် ရိုဟင်
ဂျာအရေးသည်
ပိုမို��ှုတ်ထွေးလာခဲ့သည်။
မြန်မာ့တပ်မတော်သည်
အာဏာသိမ်းပြီး
နောက်ပိုင်းတွင် ရိုဟင်ဂျာ လက်နက်ကိုင် များနှင့် မဟာမိတ်ဖွဲ့ခဲ့သည်အတွက် ရိုဟင်ဂျာ
အရပ်သားများအပေါ် အထင်မြင်လွဲမှားမှုများရှိနေသည်။ အဆိုပါ အထင်မြင်လွဲမှားမှုများ
ပေါ်မူတည်ပြီး ရိုဟင်ဂျာများအပေါ် အမုန်းစကားဖြန့်ဝေမှုသည် ပိုမိုကြီးထွား လာခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းများနှင့်
ရခိုင့်တပ်
တော် AA တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲများကို အကြောင်းပြုပြီး ရခိုင်ပြည်နယ်တွင်
ဒေသခံတိုင်းရင်းသား
လူမျိုးများ
ပျောက်ဆုံးပြီး
ရိုဟင်ဂျာများ
သိမ်းယူတော့မည်
ဖြစ်ကြောင်း ရောင်ပြန်လင်း ဆိုသည့် Tiktok အကောင့်မှာ အမုန်းစကားဖြန့်ဝေထားသည်။
https://myemail.constantcontact.com/Digital-Hate--Monthly-Update-for-January-2025-.html?soid=1129958286276&aid=Cmj0phAunzg
23/35