စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း
Burma Affairs & Conflict Study
Contact: info@burmaacs.org
စစ်မှုထမ်းစနစ်ကို အလျှင်အမြန် အကောင်အထည်ဖော်လာခြင်း
အာဏာသိမ်းပြီးနောက် လက်နက်ကို င်တွန်းလှ န်မှုများ စတင်အားကောင်းလာသည့် ၂၀၂၁ ခု နှ စ်က စတင်
ပြီး စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် လို အပ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က
ပြောကြားခဲ့ သည်။ ၂၀၂၂ ခု နှ စ်တွင်လည်း ထို သို့ပြောကြားမှုများ ရှိခဲ့ သည်။ ထို့နောက် ၂၀၂၃ ခု နှ စ်
အတွင်း ကြုံ တွေ့လာရသည့် စိုးမိုးနယ်မြေ လက်လွှတ်ဆုံးရှုံးရမှုများနှ င့် စစ်သည်အင်အား လို အပ်ချက် မြ
င့်မားလာခြင့်ကြောင့် စစ်မှုထမ်းဥပဒေကို အလျှင်အမြန် အကောင်အထည်ဖော်ဆောင်လာခဲ့ သည်။ အချိန်
ကာလများကို နှိုင်းယှ ဉ်ကြည့်ပါက ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၃ လကျော်အကြာနှ င့် မြန်မာစစ်တပ်
သမို င်းတွင် အင်အား အများဆုံး လက်နက်ချခြင်းဖြစ်သည့် ဒကစ လောက်ကို င် လက်နက်ချပြီး ၁ လ
ကျော် အကြာတွင် စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်လာခြင်းဖြစ်သည်။
စစ်မှုထမ်းအကောင်အထည်ဖော်မှု လုပ်ငန်းစဉ် အချိန်ပြဇယား
သင်တန်းကျောင်းများသို့ စတင်ခေါ်ယူ ပို့ဆောင်
မတ် ၂၇
စစ်မှုထမ်းအကျုံးဝင် မှတ်ပုံတင်ဖြည့်သွင်းခြင်းနှင့် မဲနှိုက်ခြင်း ပြုလုပ်
မတ် ၁၆
အမျိုးသမီးများကို အပတ်စဉ် ၅ မှသာ ခေါ်ယူမည်ဟု ထုတ်ပြန်
ဖေဖော်ဝါရီ ၂၀
စစ်မှုထမ်းအတွက် လူဦးရေစာရင်းများ ကောက်ခံ
ဖေဖော်ဝါရီ ၁၃
အပတ်စဉ် ၁ ခု လူဦးရေ ၅၀၀၀ နှုန်းဖြင့် ဧပြီလတွင် စတင်မည်ဟုပြော
ဖေဖော်ဝါရီ ၁၃
ဖေဖော်ဝါရီ ၁၃
ဖေဖော်ဝါရီ ၁၃
ဖေဖော်ဝါရီ ၁၀
စစ်မှုထမ်းဆင့်ခေါ်ရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်း
အရန်တပ်ဖွဲ့ဥပဒေ အသက်ဝင်ပြီဖြစ်ကြောင်း ထုတ်ပြန်
ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီဖြစ်ကြောင်း ထုတ်ပြန်
စစ��ကောင်စီသည်
စစ်မှုထမ်းဥပဒေ
စတင်အသက်ဝင်ပြီဖြစ်ကြောင်း
ကြေညာပြီးသည့်နောက်
ခပ်သွက်သွက်ဖြင့်ပင် ခြေလှ မ်းများစတင်ခဲ့ သည်ကို မြင်တွေ့ကြရမည် ဖြစ်သည်။ စစ်မှုထမ်းဥပဒေနှ င့်
အတူ စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူ သည့် အရန်တပ်ဖွဲ့ ဥပဒေကို လည်း အသက်သွင်းခဲ့
သည်။
စစ်မှုထမ်းဥပဒေနှ င့်
အကောင်အထည်ဖော်မှုများကို
ပတ်သက်၍
နည်းဥပဒေထွက်ရှိရန်ကို ပင်
မစောင့်တော့ ဘဲ
အတင်းအကျပ် စတင်ခဲ့ သည်။ စာရင်းကောက်ယူ ခြင်းနှ င့် မှ တ်ပုံ တင်
ဖောင်ဖြည့်သွင်းခြင်း အပါအဝင် လူ ရွေးခြင်း လု ပ်ငန်းစဉ်များကို
ရပ်/ကျေး အု ပ်ချုပ်ရေးမှူးများ၏
အကူ အညီဖြင့် ဖိအားပေးလု ပ်ဆောင်ခဲ့ သည်။ ထို သို့ ဖြင့် ၂ လအတွင်းတွင်ပင် အဓမ္မစစ်သား စု ဆောင်း
သည့် လု ပ်ငန်းစဉ်ဖြစ်သည့် သင်တန်းခေါ်ယူ မှုများကို စတင်ခဲ့ ပြီး လူ ငယ်ထောင်နှ င့်ချီကာ စစ်ကောင်စီ
တပ်သားများအဖြစ် စု ဆောင်းခံ လို က်ရသည်။